Part 116(unicode)

2.9K 550 19
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 116;

ဘာဘီကျူးသည်သူတို့စားရတာဘယ်တော့
မှမငြီးငွေ့သွားမည့်အရာဖြစ်၏။ ကျန်ချန်က အကြိမ်တိုင်း အလွန်ရိုးအီသွားအောင်ထိစားပေမယ့်၊အလွန်ကျေနပ်နေပုံရသည်။

ပန်းကန်ပြားတစ်ချပ်ကိုကိုင်ပြီး အမဲသားနှင့် သိုးသားများရှေ့တွင်ဝေ့နေသောကျန်ချန်ကိုကုဖေးကြည့်နေလိုက်၏။ဤသည်မှာ,ယခင်ကကျန်ချန်တယောက်သူ့ဟင်းချက်လက်ရာကိုကွန်ပလိန်းတက်ခြင်းမရှိပဲအချိန်ကြာမြင့်စွာစားသောက်ခဲ့သောအကြောင်းအရင်းဖြစ်
သည်။အသားရှိသရွေ့ အဆင်ပြေလိမ့်မည်။ဟုတ်တယ်, အရသာပိုကောင်းလျှင် အသားလည်းပိုကောင်းလိမ့်မယ်၊ ဒါပေမယ့် အရမ်းအရသာမရှိခဲ့ရင်တောင် "ဒါက အသားပဲ"ဆိုတော့ ကျေနပ်ပေလိမ့်မည်။

ကျန်ချန်ကခေါင်းလှည့်ပြီးစားပွဲကိုကြည့်
လာသည့်အခါ ကုဖေး သူ့ကိုလက်ဝှေ့ယမ်း
ပြလိုက်တယ်။

ကျန်ချန်မှာဘာပြောရတော့မှန်းမသိဟန်ဖြင့် စားပွဲကိုလက်ညှိုးထိုးပြလာ၏။

ကုဖေးသည်စားပွဲကိုခေါင်းငုံ့ပြီး ကြည့်လိုက်လျှင်၊ကျန်ချန်ကိုလိုက်ငေးနေခဲ့သောကြောင့်သံကင်ပျစ်ပေါ်ရှိ အသားများနည်းနည်းပျော့
ပြဲသွားကြောင်းမြင်လိုက်ရသည်။

အမြင်အာရုံအရမ်းကောင်းလွန်းတယ်။

ကုဖေး ပြုံးလိုက်ပြီးအနည်းငယ်ပျော့ပြဲသွားအသားများကိုဖယ်လိုက်၏။နေ့စဥ် မျက်လုံးကိုသုံး၍ စာကြည့်တိုက်မှာအချိန်အများကြီးဖြုန်းလေ့ရှိသူများအတွက်သူတို့အမြင်အာရုံနှင့်ပတ်သတ်ပြီးဘာပြဿနာမရှိပါချေ။

ကျန်ချန်သည်လက်တစ်ဖက်ဖြင့်ပန်းကန်သုံးချပ်ကိုထပ်ကိုင်ထားပြီး၊ကျန်လက်တစ်ဖက်တွင်ဖျော်ရည်ပုလင်းကိုကိုင်ထား၏။
"အသားတစ်ပိုင်းကင်ဖို့ မင်း တောက်တိုမည်
ရပြေးလွှားနေစရာမလိုတာကို။အာရုံပျံ့လွင့်နေတုန်းပဲ။"

"ငါ တခြားလူတွေကို မကြည့်ဘူး။"
အသားများကိုတူဖြင့်ညှပ်၍ သူ့ပန်းကန်ပြားပေါ်သို့ ကုဖေးတင်ပေးလိုက်တယ်။
"မင်းကိုပဲ ကြည့်တာ။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now