Part 107 (unicode)

2.8K 609 80
                                    

Chapter 107;"သွားကြစို့။ခွေးသားလေး,
မင်းရဲ့ ဝင်ခွင့်စာကို သွားယူရအောင်။

662 မှတ်!

ကုဖေးသည် နံပါတ်ကိုအသံကျယ်ကျယ်ဖြင့်ကြေညာလာချိန်တွင်ကျန်ချန်ရဲ့ဦးနှောက်က
စိုးရိမ်ပူပန်မှုတွေ ရုတ်တရက်ပြေလျော့သွားတာကြောင့် ခဏမျှဗလာကျင်းသွား၏။

ကုတင်အစွန်းတွင်ထိုင်၍စက္ကန့်နှစ်ဆယ်နီးနီး
သတိလက်လွတ်ဖြင့်ငေးငိုင်နေပြီးမှတဖြည်း
ဖြည်းချင်း သူ့တွေးခေါ်နိုင်စွမ်းကို ပြန်လည်
ရရှိလာသည်။

ဤကား ကျန်ချန်၏မူလခန့်မှန်းခြေထက်ပင်မြင့်နေသေး၏။သူသည်အစောပိုင်းရက်များ
၌ကျောင်းပြေးခြင်း၊ရန်ဖြစ်ခြင်းနှင့်နေရာတ
ကာသဝေထိုးခြင်းဖြင့်သင့်တင့်လျောက်ပတ်စွာအသုံးချခဲ့ခြင်းဖြစ်သည်။စာမေးပွဲနီးလာမည့်အချိန်ကျမှစာတွန်းကျက်ပြီး၊ သူ့ရဲ့ဉာဏ်
ရည်ဉာဏ်သွေးအပေါ်အားကိုးခဲ့၏။စံနမူနာ
ရွှယ်ပါ့ကျောင်းသားတစ်ယောက်က သမား
ရိုးကျ ရွှယ်ပါ့ကျောင်းသားတွေနှင့်ယှဥ်လို့မ
ရချေ။ဒီလိုမျိုးရမှတ်ကလုံးဝကျေနပ်ဖွယ်ရာဖြစ်၏။

လွန်ခဲ့သည့်နှစ်အနည်းငယ်က သူတို့၏ပြည်
နယ်ရမှတ်များကိုအခြေခံထားသောကြောင့်
သူတက်ချင်နေသည့်ကျောင်းနှင့်ပရိုဂရမ်ကိုတက်ဖို့ ပြဿနာရှိမည်မဟုတ်ချေ။

ရှန်ယီကျင်းကို သူပြောဖူးသည့် "ကျွန်တော် ဘယ်နေရာမှာ ရှိနေပါစေ,ကျွန်တော့် ကိုယ်ကျွန်တော် သက်သေပြနိုင်တယ်"စကားလုံး
၏အဓိပ္ပာယ်ကိုနောက်ဆုံးတော့သူနားလည်
ခဲ့ပြီ။သူက ချီးခြောက်ရေနူးပြီး ပြောခဲ့ခြင်းမဟုတ်ပေ။

ရှန်ယီကျင်းတစ်ယောက် ဒါကို သိမှာမဟုတ်သလို သူမကိုအသိပေးဖို့လည်း ကျန်ချန်မှာအစီအစဥ်မရှိဘူး။ဒါကိုသိဖို့သူတစ်ယောက်
တည်းလည်းလုံလောက်တယ်။ ဤကား သူတစ်ချိန်လုံးလိုချင်တောင့်တခဲ့ခြင်းဖြစ်၏။

"ချန်ကော"
ကုဖေး၏ သူ့ကို လှမ်းခေါ်သံက သူ့အတွေးတွေကိုလက်တွေ့ကမ္ဘာဆီပြန်ဆွဲခေါ်လာ၏။

"အင်း"
ကျန်ချန် သူ့ကိုမျက်လုံးပင့်ကြည့်လိုက်တယ်

"ဂုဏ်ယူပါတယ်,မင်းရဲ့ကြိုးစားအားထုတ်မှုအချည်းနှီးမဖြစ်ဘူး။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now