Part111(unicode)

2.6K 571 72
                                    


Chapter111;"လက်ခံဖို့ နည်းနည်း
ခက်တယ်။"

ရေငုံနှုတ်ပိတ်ထားဖို့ လိုအပ်သည့်ဝမ်ရွှိနှင့်ကျိုးကျင့်နှစ်ယောက်ကို ချန်ရစ်ထားခဲ့ပြီးနောက်တွင်ဒီလိုမျိုးဝေးလံခေါင်ဖျားသောနေရာမှာနှိမ်နင်းခံရဖို့လိုအပ်တဲ့သူစိမ်းတစ်ယောက်နှင့်ကြုံတွေ့ရလိမ့်မည်ဟုကျန်ချန်ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ပြောရမယ်
ဆိုလျှင်,ဤကားသူတို့နှစ်ယောက်ရဲ့ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်သည်။

ကျောက်ခယ်သည် ကျန်ချန်ကိုစကင်န်ဖတ်ရန်အတွက်သူ့ဖုန်းကိုကိုင်ထားသောကြောင့် သူတို့နှစ်ဦးသည်နီးကပ်စွာမတ်တပ်ရပ်နေခဲ့
၏။ဤအကွာအဝေးဖြင့်ကုဖေးကဲ့သို့အဝေးမှုန်ပင် ၎င်းကိုမြင်နိုင်စွမ်းရှိသည်။ ကျောက်
ခယ်၏မျက်နှာထက်တွင်ဧရာမlockscreen
နှင့်homescreenပုံများကိုကြည့်ဖို့အစီမစဉ်
မရှိသော်လည်း ရှင်းလင်းပြတ်သားစွာကြည့်ဖို့တွန်းအားပေးခံလိုက်ရသည်။

ထိုအချိန်တွင်,ကျန်ချန် တစ်ခုခုပြောရမည်လားသို့မဟုတ်ဘာမှမဖြစ်ခဲ့သကဲ့သို့သူ့We
Chatကိုဆက်ဖွင့်ရမည်လားမသိဖြစ်နေ၏။

ဒါပေမယ့်,မကြာသေးမီက ကုဖေး၏ဓါတ်ပုံသတိပေးချက်ကြောင့်၊ကုဖေးကိုလွမ်းဆွတ်တောင့်တနေမှုသည်သူ့ကိုယ်တွင်းမှာမုန်တိုင်းလှုပ်ခတ်သွားသည်။

သူ စကားစပြောလိုက်တယ်။
“ဒါက ငါ့ရဲ့…”

ဒါက ငါ့ချစ်သူ,အလွန်ချောပြီးချစ်ဖို့ကောင်းတဲ့တေးရေးဆရာလူငယ်လေး။

သို့သော်, သူ ထိုစကားများကိုအသံထွက်၍
မပြောမီ တစ်စက္ကန့်မျှတုံ့ဆိုင်းသွား၏။

ဤသည်မှာ မရင်းနှီးသောပတ်ဝန်းကျင်ဖြစ်
ပြီး၊လက်တွေ့ကျကျပြောရလျှင် သူစိမ်းဖြစ်နေသော သူ့ အခန်းဖော်နှင့် မျက်နှာချင်းဆိုင်
နေရခြင်းဖြစ်သည်။ဒီလူမှာဘယ်လိုပင်ကိုယ်စရိုက်မျိုးရှိလဲ၊ဒီလိုမျိုးတစ်စုံတစ်ရာကိုလက်
ခံနိုင်မလားဆိုတာသူမသိဘူး.........ထို့အပြင်၊ဤကိစ္စကို မဆင်မခြင်ဗြောင်ကျကျဖွင့်ပြောခြင်းသည်ကမ္ဘာတစ်ခုလုံးဆီ သူ့အချစ်ဇာတ်
လမ်းပြသဖို့တွေးနေသည့် ဦးနှောက်မရှိသောလိင်တူချစ်သူတစ်ယောက်လိုဖြစ်စေသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now