Part 131 ( unicode)

2.8K 563 50
                                    


Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 131;ငါတို့အချင်းချင်းတစ်ဖက်သားအတိုင်းသတ္တိရှိဖို့ မျှော်လင့်တယ်။

ယခုအကြိမ်သည်ရထားဖြင့် တတိယအကြိမ်မြောက်ထွက်ခွာခြင်းဖြစ်သည်။

အကြိမ်တိုင်းသူ့ပတ်ဝန်းကျင်ရှိလူများပြောင်း
လဲသွားကာ၊စိတ်ခံစားချက်များလည်းမတူညီ
ချေ။ပြတင်းပေါက်အပြင်ဘက်ရှိရှုခင်းတွေကို
ကြည့်မိလျှင်ပင်ခံစားချက်သည်လုံးဝကွဲပြား
နေလျှက်ရှိသည်။

ကျန်ချန် ဖျော်ရည်ပုလင်းအားတစ်ငုံသောက်
လိုက်ပြီးနောက်သူက အတော် အတွေ့အကြုံ
ရင့်နေပြီဟုခံစားလိုက်ရ၏။

ဤနေရာဆီ အပြေးပြန်ရောက်လာသည့်နေကစပြီး ယခုလက်ရှိအချိန်ထိ သူ့ဘဝ၊ ခံစားချက်များ၊ ဆန္ဒများအားလုံးသည်မူလကဘယ်သူမှမမျှော်လင့်ထား
ခဲ့ပေမယ့်လုံးဝပြောင်းလဲသွားခဲ့သည်။

သူ၏ရွေးချယ်မှုများအားလုံး၊ရွေးချယ်မှုတိုင်းဆုံးဖြတ်ချက်တိုင်းကိုကျန်ချန်နောင်တမရဘူး။ နောက်ပိုင်းတွင်ဘာတွေပဲဖြစ်လာပါစေ၊ နောင်
တရလိမ့်မည်မဟုတ်ချေ။

အရမ်းမိုက်တယ်!

သူသည်ဖျော်ရည်ဘူးကိုဘေးသို့ဆန့်လိုက်ပြီး
ဖန်းကျိ၏လက်ထဲရှိပုလင်းဖြင့်တိုက်လိုက်၏။
"ချီးယာ့စ်!"

"ဘာလို့ ,"
ဖန်းကျိက သူ့ကို တစ်ချက်ကြည့်လာသည်။
"ဒီပုလင်းကြီးနဲ့လဲ?။ "

ကျန်ချန် ပြုံးပြီး တစ်ငုံသောက်လိုက်တယ်။

ဖန်းကျိကလည်းသူ့လိုပင်တစ်ငုံသောက်လိုက်၏။
"ကံကောင်းပါစေ။"

ရထားကဘူတာကိုရောက်သည့်အခါကုဖေးဆီကို ကျန်ချန်စာတစ်စောင်ပို့လိုက်တယ်။

- ငါတို့ရောက်ပြီ။အားလုံးအဆင်ပြေတယ်။
အခုကျောင်းကိုပြန်တော့မလို့။

- အင်း, ငါ အားမြောင်ဝတ်ဖို့ သိုးမွှေးထိုးပေးနေတာ။

- ငါ့အတွက်ရောပဲ။

-ကောင်းပြီ။

မက်ဆေ့ချ်ပို့ပြီးနောက်တွင်ကျန်ချန်အမြန်ပြန်ထွက်လိုက်သည်။သူ အပေါ်ကိုဆွဲမကြည့်ရဲဘူး။ပြီးတော့ သူ့လက်ချောင်းနှင့်ထိလိုက်ရုံဖြင့် စာမျက်နှာပြောင်းသွားမှာကိုကြောက်တယ်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now