Part 121 (zawgyi)

1.2K 92 3
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 121;

ကင်မရာက မြေပြင်ပေါ်သို့ပြုတ်ကျသွားခြင်းမှာ ထိတ်လန့်
သွားသောကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။သို့မဟုတ်လျှင်ကုဖေးက သူမ၏နာမည်အပြည့်အစုံကို ပထမဆုံးအကြိမ် အော်လိုက်ခြင်းကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်၏။

ကုမြောင်သည် စကိတ်ဘုတ်ပေါ်မှပြုတ်ကျသွားပြီးမြေကြီး
ပေါ်တွင်ထိုင်လျက်သားဖြင့်၊သူမ၏မျက်လုံးများကထိတ်လန့်မှုကြောင့်ပြူးကျယ်လာသည်။

"ငါ မင်းကိုဘယ်နှစ်ခါပြောခဲ့ပြီးပြီလဲ!"
ကုဖေး ကင်မရာပျက်စီးမှုကိုမစစ်ဆေးချင်တော့ပဲ သူမ
ရှေ့သို့လျှောက်သွားစဉ်တွင် ထိန်းမရသောဒေါသများက သူ့ခန္ဓာကိုယ်ထဲတွင် တဖြည်းဖြည်းမြင့်တက်လာ၏။
"ဒီလိုမလုပ်နဲ့ပါလို့!။"

ကုမြောင်က တုံ့ပြန်မှုအလျဉ်းကင်းမဲ့စွာဖြင့်သူ့ကိုမျက်လုံးပြူးများဖြင့်စိုက်ကြည့်နေမြဲ။

"ဘာလို့မမှတ်မိတာလဲ!။"
ကုဖေး ထပ်ပြီးအော်လိုက်တယ်
"ဘာလို့ မမှတ်မိရတာလဲ!။"

တိတ်ဆိတ်ခြင်း။

ကုမြောင်၏အဆုံးမဲ့တိတ်ဆိတ်မှုကသူ့အားအသက်ရှုမဝ
ဖြစ်စေပြီး ၊တိတ်ဆိတ်သောနေရာတွင် အချိန်အကြာကြီး
သော့ခတ်ခံထားသကဲ့သို့ သူ့သွေးများ စီးဆင်းနေသည့် အသံကိုသူကြားလုနီးပါး ခံစားရစေသည်။

ကုဖေး သူမကိုအော်ပြောလိုက်တယ်။
"ဘာကြောင့်လဲ!။"

ဤအသံကသူ့ရဲ့ခွန်အားအကုန်လုံးသုံးထား
ပြီးတော့၊ကုမြောင်ကပြင်းပြင်းထန်ထန်တုန်
လှုပ်နေတာကို သူမြင်နေရသည်။

ကုမြောင်ကိုအော်ဖို့မပြောနှင့်။သူ့ဘ၀မှာ ဒီလောက် ကျယ်ကျယ်လောင်လောင် တစ်ခါမှ မအော်ဖူးဘူး။

ကြောက်စရာကောင်းအောင်ထိန်းမနိုင်သိမ်းမရဒေါသထွက်ခြင်းဟာသူ့နောက်ဆုံး ခံစစ်ကိုဖြတ်ကျော်သွားတယ်။

ငယ်စဉ်ကလေးဘဝကနေ အရွယ်ရောက်ပြီးသည့်တိုင်နှစ်
ပေါင်းများစွာသူ့ဘဝရဲ့ရင်ဆိုင်မှုတွင်စိတ်ရှည်သည်းခံမှုနှင့်ထိန်းချုပ်မှုများကသူ့အလေ့အကျင့်ဖြစ်လာခဲ့ပြီးတော့လူစုလူဝေးနှင့်ဝေးကွာလာစေခဲ့သည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now