Part 134 (zawgyi)

936 64 4
                                    


Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 134;

ယခုအချိန်တွင်စူပါမားကတ်သို့သွားသောဤလမ်း
မကြီးပေါ်တွင် ကျောင်းသားအနည်းငယ်ရှိ​နေသည်။

Rတက္ကသိုလ်ရဲ့ပတ်ဝန်းကျင်သွင်​ပြင်ကအလွန်သက်တောင့်သက်သာ ရှိ​စေပြီး၊ စုံတွဲပုံသဏ္ဍာန် မည်ကဲ့သို့ရှိစေကာမူလူတိုင်းသည်နားလည်မှုရှိပြီးရေးကြီးခွင့်ကျယ်လုပ်လိမ့်မည်မဟုတ်ချေ။

သို့သော်,ဤကဲ့သို့လမ်းလယ်တွင်ပွေ့ဖက်ထား
သော ယောက်ျားလေးနှစ်ယောက်ကိုမပြောနှင့်။
အမျိုးသားနှင့် အမျိုးသမီးပင်လျှင် လူတိုင်း၏
အာရုံစိုက်ခြင်းကိုအတိုင်းအတာတစ်ခုအထိဆွဲဆောင် နိုင်လိမ့်မည် ။

ကုဖေးကလက်လွှတ်ပေးလာပြီး နောက်သို့
ခြေလှမ်းအနည်းငယ်​ပြန်ဆုတ်သွားသည်။
"မင်း......ကျောက်ခယ် နဲ့ မဟုတ်ဘူးလား?။"

"အင်း; သူ နောက်မှာကျန်ခဲ့တယ်။"
ကျန်ချန် လည်ချောင်းရှင်းလိုက်တယ်။ယခု သူ့လည်
ချောင်းကအသံထွက်နေပေမယ့်အသံကသိပ်သာယာနာပျော်ဖွယ်ဖြစ်မနေချေ။

သူ ဘေးပတ်ပတ်လည်ကို​ဝေ့ကြည့်လိုက်လျှင်ဖြတ်သွားဖြတ်လာကျောင်းသားတွေငြိမ်သက်နေပေမယ့်သူ့တို့မျက်လုံးများကသူတို့ကိုလိုက်ကြည့်နေမြဲဖြစ်
သည်။

"ငါ..."
ကုဖေးကလည်းသူ့အကြည့်နောက်လိုက်ကြည့် ပြီးမှ ရှက်ကိုးရှက်ကန်းဖြစ်သွားပုံပေါ်၏။
"စောစောက ဒီမှာ လူသိပ်မရှိဘူး။"

"အခုမှ အတန်းပြီးသွားလို့။"
ကျန်ချန်ဆက်ပြောလိုက်တယ်။
"မင်းဘာလို့ဒီကိုရုတ်တရက်ရောက်လာတာလဲ?။"

မူလက သူ့စိတ်သည် ကမောက်ကမဖြစ်နေပြီးတော့
"ကုဖေးရောက်လာပြီ"ဟူသော တရစပ်မေးခွန်းများ
ဖော်​ပြ​နေခဲ့ပေမယ့်၊ယခု သူ နည်းနည်း အသိပြန်ဝင်လာချိန်တွင် ဒီအရေးကြီးတဲ့မေးခွန်းကို ရုတ်တရက်သတိရသွားသည်။

ထိုဝါကျစာကြောင်းအားမေးလိုက်သည်နှင့်တပြိုင်
နက်သူ့စိတ်နှလုံးထဲတွင်မျိုသိပ်ထားခဲ့တဲ့ စိတ်လှုပ်
ရှားမှုများပြန်လည်ထွက်ပေါ်လာသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now