Part 127(unicode)

2.6K 513 52
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter;127

ကျန်ချန်သည်အပူပေးစနစ် အလျှံပယ်ကောင်းမွန်
တဲ့ကော်ဖီဆိုင်လေးထဲတွင် ကော်ဖီသောက်ရင်းနှင့်ခပ်တိုးတိုးပျံ့လွင့်နေသည့်သီချင်းသံကိုနားထောင်​​ရင်းကြောင်ဝတုတ်လေးကိုပွတ်သပ်ကာမကြာခဏပြုံးရွှင်သွားသောကုမြောင်ကိုကြည့်ကာကုဖေးနှင့်ရွှီရှင်းကျီတို့စကားပြောနေတာကိုကြားနေရပေမယ့်သူတို့အသံကိုရှင်းရှင်းလင်းလင်းမကြားရပေ။

ကျန်ချန် စားပွဲပေါ်မှာမှောက်၍မျက်နှာကိုဘေး
တိုက်စောင်းအိပ်ကာမျက်လုံးမှိတ်လိုက်တယ်။

သူနှင့်ကုဖေးတို့ကြားတွင်ဖောက်ထွင်းမြင်နိုင်သော
သဝန်တိုမှုလေးရှိနေသော်လည်းယခုတွင်မူ သူစိတ်အေးလက်အေးရှိနေသည်။အချိန်အတော်ကြာသွား
ပေမယ့်ပထမဆုံးအကြိမ်အဖြစ်အိပ်ငိုက်နေချိန်တွင်သူ့ဦးနှောက်ထဲမှာအကြောင်းအရာများပြည့်နေသည်ဟုမခံစားရခြင်းဖြစ်သည်။

  သူတစ်ကိုယ်လုံး ဗလာကျင်းနေလျှက်ရှိ၏။

  သူဒီလောက်နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့တာကြာပြီ။

သူ စားပွဲပေါ်မှာမအိပ်ဖြစ်တာအတော်ကြာပြီ။
သူ့ဟောက်သံတိုးတိုးကိုပင် ကြားနေရသည်။

ရုပ်ချောတဲ့ကောင်လေးကဒီလိုမျိုးစားပွဲနှင့်မျက်နှာဖိကပ်ပြီး ၊ဝက်သေတစ်ကောင်လိုမျိုးအိပ်ပျော်နေကာ ဟောက်သံတိုးတိုးပင်ထွက်ေနသေး၏။

  မကောင်းဘူး၊ ပုံရိပ်ကို ထိခိုက်စေတယ်။

  သူ့ကိုယ်သူ သတိပေးနေပေမယ့် တချိန်လုံး နိုးမလာဘူး။

  ကျန်ချန်, မင်းမျက်နှာက ရွဲ့နေပြီ

  အိပ်, အိပ်

  ကျန်ချန် , မင်း သွားရည်တများများကျနေပြီ

  အိပ်္, အိပ်

  ကျန်ချန်, မင်း ဟောက်သံတောင်ထွက်နေပြီ

  အိပ်,အိပ်

သူ့နှာတံ​ေပါ််ဖိကပ်လာတဲ့ ကြောင်ဝတုတ်လေး
၏လက်သည်းတွေကြောင့်သာမဟုတ်လျှင်သူ အိပ်ပျော်နေတုန်းပဲလို့ ကျန်ချန် ခံစားမိသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now