Chapter -14

476 76 1
                                    

< ဇာတ်ရုပ်>

မူလကတော့ သူ့ကိုပြန်ချေပတာဖြစ်ပေမဲ့ တဖြည်းဖြည်းနဲ့ ပိုရှုပ်အောင်လုပ်သလို ဖြစ်သွားသည်၊ ကျိုးကျစ်ဟန် သူတကယ်ကံမကောင်းတေတာလို့ပဲတွေးပြီး ဘာမှမပြောနေတော့ပေ၊ ခေါင်းကိုငုံ့ကာ အလုပ်သာ ဆက်လုပ်နေလိုက်သည်၊

ရှရှီချင်းက သူ့ရဲ့နားရွက်ထိပ်လေးတွေနီမြန်းလာတာကို သတိထားမိလိုက်သည်

သူ့ဘာသူပဲ အစခံပြီးတော့ သူပဲ ပြန်ရှက်နေပြန်သည်၊

မတော်တဆမီးရှို့မှုကလည်း မီးရှို့မှုပါပဲ

စာရွက်အပိုင်းအစတွေက ကျိုးကျစ်ဟန်လက်ထဲမှာ ပြန်ကယ်ဆယ်နိုင်သွားပြီး ကြမ်းပေါ်မှာ စီထားသည်၊ ပြန်စီပြီးသွားသော စာရွက်စာတမ်းဟာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်၊

"ကွာရှင်း...စာချုပ်သဘောတူညီမှု?"
စာရွက်ပေါ်က စကားလုံးကိုတီးတိုးရေရွတ်လိုက်ပြီး ရှန်းစစ်ယွဲ့ အခန်းမှာရှာတွေ့ခဲ့သော နောက်ထပ် စာရွက်စာတမ်းတစ်ခုကိုပြန်တွေးမိသွားသည်

"ဒီဟာ ဟိုအစောက boxထဲက အမွေလွဲပြောင်းခြင်း၏ရှေ့နေလုပ်ပိုင်ခွင့် စာရွက်စာတမ်းမတိုင်ခင်ကမလား"

ကျိုးကျစ်ဟန်ခေါင်းမမော့ပဲ ပြောလိုက်သော် ဘာတုန့်ပြန်သံမှပြန်မကြားရခဲ့ပါ၊ သံသယစိတ်နဲ့ လှည့်ကြည့်လိုက်တော့ ရှရှီချင်းကကြမ်းပေါ်ကထိုစာလုံးတွေကိုစိုက်ကြည့်ပြီး ကြက်သေသေနေခဲ့တာတွေ့လိုက်ရသည်

သူရှရှီချင်းကို တံတောင်နဲ့တွတ်လိုက်ရာမှ တဖက်လူက တုန့်ပြန်လာသည်၊ သူမျက်နှာအမူအရာက ထူးဆန်းလို့နေခဲ့သည်၊
"အော် အင်း ဟုတ်လောက်တယ်"

သူနဲ့နှစ်အကြာကြီးသိကျွမ်းလာတာတော့မဟုတ်ပေမဲ့ ဒီလူရဲ့မျက်နှာတော်တော်များများကိုသူမြင်ဖူးပြီးသွားပြီဖြစ်သည် ၊ ပျင်းရိစဥ်းလဲအကျင့်ပျက်ဥာဏ်များသစ္စာမဲ့တတ်တာတွေပေမဲ့ ထိုခဏ သူကိုကြည့်ပြီး အံ့အားသင့်မိသွားသည်၊

ရှရှီချင်း သူ့ခံစားချက်တွေ တက်လာတာကို သိလိုက်ပြီး ချက်ချင်း မျက်နှာအမူအရာပြင်လိုက်သည်၊
ကျိုးကျစ်ဟန် သူ့မျက်နှာကို အလွန်နီးကပ်စွာ စိုက်ကြည့်နေမိမှန်း သတိထားမိပြီး အောက်က စာချုပ်ကို ငုံ့ကြည့်လိုက်သည်၊ မထင်မှတ်ပဲ ထိုသဘောတူညီမှုစာချုပ်က ပြီးပြည့်စုံစွာအစစ်နဲ့တူကြောင်းတွေ့လိုက်ရသည်၊ အမွေခွဲဝေမှုနဲ့ပတ်သတ်သော အကြောင်းအရာအချို့နှင့် ၁၄နှစ်ကလေးအပေါ် အုပ်ထိန်းမှု ဆိုင်ရာများပါရှိသည်၊ ပရိုဂရမ်အသင်းရဲ့စေ့စပ်သေချာမှုက သူ့ကို လေးစားမိစေလေသည်၊

I Only Like Your Character SettingsOn viuen les histories. Descobreix ara