Chapter - 37

428 56 3
                                    

          { တစ်ယောက်နဲ့ တစ်ယောက် ချစ်သည်}

ကျိုးကျစ်ဟန်၏အသံဖြစ်သည်၊ အတိတ်ထဲလွင့်မျောနေသော ရှရှီချင်းမှာ မျက်နှာကို လက်ဖြင့်သပ်လိုက်ပြီး အခင်းဖျာဆီသို့ လျှောက်သွားကာ တမင်ခွေထိုင်လိုက်သည်၊ မျှော်လင့်ထားသလိုပင် စောစောကသူမြင်ခဲ့သောအပြာရောင်ခလုတ်သည် ကျိုးကျစ်ဟန်ကို ကိုယ်စားပြုတာဖြစ်လေသည် ။

" ကြားရတယ်"
ရှရှီချင်း သူ့အားတုန့်ပြန်လိုက်သည့် တခဏ အတွေးထဲတွင် ခန့်မှန်းချက်တစ်ခုပေါ်လာကာ ချက်ချင်းမေးလိုက်သည်
" မင်း အပြာရောင်ခလုတ်ကို နှိတ််လိုက်တာလား? "

"ဟုတ်တယ်"
တစ်ဖက်မှ ကျိုးကျစ်ဟန်ရဲ့ ခိုင်မာသောအဖြေကို ပြန်လာခဲ့သည်
"မင်းရေဒီယိုမှာ ခလုတ်သုံးခုရှိလား? အနီနှစ်ခု အပြာတစ်ခုလား? "
"ဟုတ်တယ်"
ရှရှီချင်းက ခလုတ်ကို စိုက်ကြည့်ကာ သူ့ရင်ထဲက လာသော အတွေးတွေက သက်သေပြပြီးသားဖြစ်သွားသည်
" ငါသိသလောက် ဒီရေဒီယိုက ဝေါ်ကီတော်ကီနဲ့ လုပ်ဆောင်ချက်ဆင်တူတယ် ဒါပေမဲ့ သတ်မှတ်ချက်က ခလုတ်တစ်ခုကို ကိုယ်စားပြုတဲ့လူတွေက တစ်ယောက်နဲ့တစ်ယောက်တစ်ချ်ိန်တည်းမှာပဲ အချက်ပြဆက်သွယ်မှရတာမျိုး"
ရှရှီချင်းက စားပွဲငယ်လေးပေါ်ကို လက်ထောက်မှီကာ ဝေါ်ကီတော်ကီရဲ့ တစ်ဖက်မှ ကျိုးကျစ်ဟန်ကို ပျင်းတွဲ့ကာ ပြောလေသည်
"ငါမင်းကို စောင့်နေတာကြာလှပြီ"

တစ်ဖက်မှ ကျိုးကျစ်ဟန်က ဒါကို ကြားကြားချင်း ရင်ခုန်သွားပြီး သူဘာပြန်ပြောရမလဲမတွေးရသေးခင် ရှရှီချင်းက ခေါင်းစဉ်ပြောင်းသွားပြန်သည်၊
"မင်းအခန်းက ဘယ်လိုမျိုးလဲ ? ငါ့ဖက်က အိပ်ခန်းနဲ့တူတယ် ငါ့အထင် ကောင်လေးတစ်ယောက်အခန်းထင်တယ်"

"ကျွန်တော့်ဖက်ကလည်း အိပ်ခန်းဖြစ်ပုံရတယ်"
ကျိုးကျစ်ဟန်က ဘေးဘီဝဲယာလှည့်ကြည့်လိုက်သည်၊

နှစ်ယောက်လုံးအိပ်ခန်းတွေပဲလား? တိုက်ဆိုင်လိုက်တာ

ရှရှီချင်းက ရေဒီယိုပေါ်က ခလုတ်တွေကို ထိကိုင်ကြည့်ကာ မေးလိုက်သည်၊
"မင်း ရေဒီယိုရဲ့ အနီရောင်ခလုတ်ပေါ်မှာ စာလုံးတွေရေးထားတာရှိလား?"

I Only Like Your Character SettingsWhere stories live. Discover now