Chapter -19

482 87 6
                                    

{ မရေရာသော လျို့ဝှက် လှုပ်ရှားမှု}

ဒီReality Show ရဲ့ ထိုတစ်ပိုင်းစာအတွက်ကို ည 7နာရီကနေ 12နာရီအထိ အားလုံး 5နာရီနီးပါး လုံးလုံးကို ရိုက်ကူးခဲ့ရသည် ၊ ရိုက်ကူးရေးအဖွဲ့သားတွေက သူတို့ကို မြန်မြန်ထွက်လာစေချင်တာကြောင့် ကျိုးကျစ်ဟန်ထွက်လာတာနဲ့ လူတိုင်းက ဝိုင်းပြီးလက်မြောက်အားပေးကြသည်။

ယွမ်ရှောက်နဲ့ စန်းစန်းကလည်း သူ့အနောက်မှာကပ်ပြီးလိုက်ထွက်လာပြီး ထွက်လာတော့ တံခါးနားမှာ စောင့်နေတဲ့ ဝန်ထမ်းတွေက သူမတို့အပေါ်ဖဲကြိုးဖောက်ပေးကြသည်။

"ငါတို့ နိုင်တာလား ရှုံးတာလား?"
ခေါင်းပေါ်က ဖဲကြိုးကိုဖယ်လိုက်ရင်းစန်းစန်းကယွမ်ရှောက်ကို ကြောင်တောင်တောင်နဲ့ကြည့်နေကာ ပြောသည် ၊

ယွမ်ရှောက်ကပြုံးပြီး သူမခေါင်းကို စန်းစန်းပုခုံးပေါ်တင်ကာ
"ကျွန်မတို့က ဒုတိယမြောက်လွတ်မြောက်သူတွေပါနော် ရမှတ်လည်း အမြင့်နဲ့ပေါ့"

စန်းစန်းက အံ့ဩသွားကာ
"ဆိုတော့ ကျိုးကျစ်ဟန်က သတ်ဖြတ်သူမဟုတ်ဘူးပေါ့"

ဘေးနားက ရပ်နေတဲ့ ရှရှီချင်းက ပြုံးကာ နောက်လိုက်သည်
"အဲ့တာ ကျွန်တော်ပါ"

စန်းစန်းက အံ့အားသင့်စွာ ရှရှီချင်းကိုကြည့်ပြန်သည် ၊ ယွမ်ရှောက်က ရှရှီချင်းကိုတွန်းလိုက်ပြီး
" မမစန်းစန်းကို မစပါနဲ့"

သူ့ဘာသူတွန်းတာက ကိစ္စမရှိပါဘူး ခက်တာက ဘေးက ကျိုးကျစ်ဟန်ရင်ခွင်ထဲထိကိုတွန်းပစ်လိုက်တာပါပဲ ၊ ကျိုးကျစ်ဟန်ကလည်း မသိစိတ်က တုန့်ပြန်ပြီး အနောက်ကနေ ရှရှီချင်းလက်မောင်းကို ဖမ်းပြီး ကိုင်ထားသည် ၊

ရှရှီချင်းဆံပင်ထိပ်ဖျားလေးတွေက ကျိုးကျစ်ဟန်ရဲ့ မေးဖျားကို တိုက်သွားပြီး ယားကျိကျိဖြစ်စေသည်။

ရှရှီချင်းကလည်း ယွမ်ရှောက်သူ့ကိုတွန်းမယ်လို့မထင်လိုက်တာဖြစ်သည် ၊ ကျိုးကျစ်ဟန်က သူ့ကိုဖမ်းကိုင်လိုက်တဲ့ ခဏ သူ့လည်း အနောက်ကိုခေါင်းလှည့်ကာ သူ့ကိုမော့ကြည့်လိုက်သည် ၊ အကြည့်ချင်းဆုံသွားတော့ အနေအထားကို မြန်မြန်ပြန်ပြင်လိုက်ကာ နူးညံ့စွာပြောလိုက်သည်။
"ကျေးဇူးပါ"

I Only Like Your Character SettingsWhere stories live. Discover now