Chapter - 22

465 80 2
                                    

                       ရက်စက်သော ညရောင်

ဒီရက်တွေမှာ ရှရှီချင်း တယောက် ကျိုးကျစ်ဟန်ကို အရင်ဆက်သွယ်ခဲ့ခြင်း မရှိခဲ့သလို ကျိုးကျစ်ဟန်ကလည်း ဆက်သွယ်လာခဲ့ခြင်း မရှိခဲ့ပါဘူး ၊ ပုံမှန်ဆိုရင် ရှရှီချင်း ဘယ်လောက်ခက်တဲ့ အခက်အခဲပဲဖြစ်ဖြစ် တစ်ပတ်အတွင်းပြီး‌ဖြေရှင်းနိုင်ခဲ့ပေမဲ့ ကျိူးကျစ်ဟန်ကတော့ ချွင်းချက်ဖြစ်သည်။

သူ့အချိန်တွေမကုန်ကုန်‌အောင်ကို လာဖြုန်းနေတာပင်။

သူ့ကိုစိတ်ကျေနပ်မှုသာပေးနိုင်မယ်ဆိုလို့ကတော့ ဘယ်လောက်ပဲ အချိန်ကုန်အောင်လုပ်လုပ် အချိန်ပြည့်ပေးဖို့ ဆန္ဒရှိပါသည်။

အိမ်ပြန်ပြင်ဆင်တဲ့နေ့မှာ ရှရှီချင်းက ရှုချီချန်နဲ့ တခြားသူတွေကို ဖိတ်ဖို့ စီစဉ်ထားခဲ့တာဖြစ်သည် ၊ ဒီအစီအစဉ်ကို  ချန်ဖန်းကစပြောတာဖြစ်ပြီး အဲ့နေ့က {Escape From The Sky} ပရိုဂရမ် ပထမဆုံး ထုတ်လွှတ်တဲ့ပြသ နေ့မို့လည်းဖြစ်သည်။

{Escape From The Sky}အတွက် ပရိုဂရမ်အသင်းက ကြည့်ရှုနှုန်းမြင့်ဖို့ ပိုက်ဆံတွေအများကြီး သုံးထားရတာဖြစ်သည်၊  ထုတ်လွှင့်မပြသခင်ကတည်းက နေရာပေါင်းစုံမှာ အကြိမ်20000မက ထွေလာတွေ တက်ထားပြီးနေပြီဖြစ်သည်၊ ဧည့်သည်ငါးယောက်လုံးကလည်း သူ့တို့ ဂုဏ်အရှန်အဝါနဲ့ အဆက်အသွယ်တွေများစွာလည်း ရှိပြီးသားဖြစ်ပြီး အထူးသဖြင့် ရှရှီချင်း‌ဆိုရင် အိုင်ဒေါနဲ့အတူshowမှာပါဝင်ပြီး ကျိုးကျစ်ဟန်ရဲ့ဖန်အနေနဲ့ ပွဲဦးထွက်ထားတာကြောင့် လူတွေရဲ့ အာရုံကို ပိုပြီး ဆွဲဆောင်နေတာဖြစ်သည်၊

ပထမပိုင်းရဲ့ထွေလာပုံစံက တစ်ယောက်နဲ့တစ်ယောက် သံသယဝင်ကြတဲ့ပုံစံမျိုးဖြစ်သည်၊editထားတဲ့အပိုင်းတွေ၊ စကားပြောစာသားတွေ ၊မြန်သထက်မြန်လာတဲ့ တီးလုံးနဲ့ အနောက်ခံသီချင်းတွေက ပရိသတ်တွေရဲ့နှလုံးသားတွေတခါတည်းဆွဲယူနိုင်ခဲ့သည်။

တခြားမြင်နေကျ Escape Roomတွေနဲ့ယှဉ်ရင် /{Escape From the Sky} က လူသတ်သမားကိုရှာတဲ့အပိုင်းက ပိုများသည်၊ ဒီအပိုင်းကိုလည်း အထူးစပယ်ရှယ် အဓိကအနေနဲ့ Edit ထားတာဖြစ်ပြီး ထွေလာမှာတင် လူတွေရဲ့ အာရုံစိုက်မှု ရရှိထားပြီး အောင်မြင်မှုက အရမ်းရနေပြီဖြစ်သည်။

I Only Like Your Character SettingsWhere stories live. Discover now