Chapter -4 ဇာတ်ရုပ်ပုံစံအတု

742 143 7
                                    

အိပ်ယာမဝင်ခင် ရှရှီချင်းအကျင့်အရ weiboထဲဝင်လိုက်သည် ၊ ပထမတော့ ဒီအကောင့်ကသူ့ပန်းချီတွေကိုတင်ဖို့သတ်သတ်သာဖြစ်ပေမဲ့ အခုတော့ စတား‌နောက်လိုက်တစ်‌ေယာက်လိုဖြစ်နေသည်။

ဘာလို့ notiတွေအဲ့လောက်များနေတာလဲ? သူလန့်သွားသည် ၊ ဒီနယ်ပယ်မှာ သူက အောင်မြင်တဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ပေမဲ့ အခုရက်ပိုင်း ဖန်တွေဆီက အရှာဖွေခံနေရတာဖြစ်သည် ၊ ဒီလိုအချိန်မှာ notiတွေအများကြီးတက်တာက သူ့ရဲ့weibo ကို freezeဖြစ်လုနီးပါးပင်။

ရှရှီချင်း log outထွက်ပြီးအစကနေပြန်ဝင်လိုက်တော့ ပုံမှန်ပြန်ဖြစ်သွားသည်။

[ယုန်ငယ်လေးကွိုက်ကွိုက်] : မာစတာ Tsing , ရှင်က အဖြူရောင်ရှပ်ကွက်နဲ့ကောင်လေးမလား?"

[ဥက္ကဌကြီးဟန် ကျေးဇူးပြုပြီးငါ့ဖက်မျက်နှာမူပါ]:
သေစမ်း တကယ် မာစတာ Summerကြီးလား????မဖြစ်နိုင်တာ?"

တွေ့သွားကြပြီလား? ရှရှီချင်းမယုံနိုင်စွာနဲ့မျက်မှောင်ကြုတ်လိုက်ပြီး ကောမန့်တွေကိုလှန်လိုက်သည် ၊ အကုန်လုံး ဟန်ရဲ့ပရိသတ်တွေဆီကစာတွေပဲ ၊ private မှာကော မဆုံးနိုင်တဲ့ မတ်ဆေ့ခ်ျတွေ ၊ အားလုံးနီးပါးက ပြီးခဲ့တဲ့ရက်က ရုပ်ရှင်သတင်းစာရှင်းလင်းပွဲက အကြောင်းချည်းပဲဖြစ်သည်။

ကောင်းရော ၊အတူးခံလိုက်ရပြီ ။အင်တာနက်က တကယ်ပဲလူကိုပုန်းစရာနေရာမရှိ‌တော့အောင်ကိုလုပ်နိုင်သည်။

ဖန်တွေကို ဒီတိုင်းလွှတ်ပေးထားတာထက် သူ့ကိုယ်သူပဲဖော်လိုက်တာ ပိုကောင်းပါသည်။

စိတ်ညစ်ညစ်နဲ့ ရှရှီချင်းကင်မရာကိုဖွင့်ကာ သူ့မျက်နှာကိုဓာတ်ပုံရိုက်လိုက်သည်၊ အကွာအဝေးက အရမ်းနီးလှသည်၊ ရေချိုးပြီးမခြောက်သေးတဲ့ဆံပင်တွေက သူ့မျက်နှာပေါ်မှာဖြာကျလိုက်ရှိသည်၊ အောက်ကနေအပေါ်ကိုဆွဲပြီးရိုက်ထားတဲ့ရှုထောင့်က တော်တော်တော့ထူးဆန်းသည်။

သူပုံကိုကြည့်လိုက်ပြီး သူနဲ့တူသလိုလိုရှိတာကြောင့် weiboပေါ်ဖြစ်သလိုကောက်တင်လိုက်သည်။

[Tsing Summer]:မှပုံများမျှဝေသည်။

ပုံတင်ပြီးချင်းချင်း သူ့ဖုန်းရဲ့ တုန်ခါမှုက မရပ်တန့်တော့ ၊မတ်ဆေ့ခ်ျအသစ်တွေက တောက်လျှောက်အဆက်မပြတ်၊ ဖန်တွေရဲ့စိတ်တက်ကြွနေမှုက ဖုန်းစခရင်အပြင်ဖက်သူ့မျက်နှာပေါ်တောင်လျှံကျလုနီးနီးပင်။

I Only Like Your Character Settingsحيث تعيش القصص. اكتشف الآن