Chapter -15

479 80 2
                                    

<ဘယ်သူက လူသတ်သမားလဲ>

ကျိုးကျစ်ဟန်က မျက်မှောင်ကြုတ်၍
"မင်းတွေးပုံအတိုင်းသာဆို အခန်းတိုင်းက ကစားသမားတစ်ယောက်စီတိုင်းက ဇာတ်ရုပ်ရှိပြီးသားပေါ့ ၊ အခန်းရဲ့ပိုင်ရှင်ဇာတ်ရုပ်ကို အလိုအလျောက်ယူပြီးသားပဲပေါ့၊ မင်းလိုမျိုးပဲ ဝတ်ဆင်ပုံကအစ ပရိုဂရမ်အသင်းက အစကတည်းက စီစဉ်ပေးပြီးသား၊ အကုန်လုံးအစီအစဉ်ချပြီးသားပဲကို ကျွန်တော်တို့က ကြိုသတိမထားမိခဲ့တာပဲ၊ ဂိမ်းထဲကို အရမ်းအာရုံရောက်ကြပြီးတော့"

"အရာအားလုံးက ဒီလိုအခိုက်အတန့်အတွက်ပဲပေါ့"
ရှရှီချင်းက ခုံနောက်ကိုမှီလိုက်ပြီး ပန်းချီဘုတ်ပြားရဲ့တန်းကို နင်းလိုက်သည်၊ ဇာတ်ညွှန်းဆရာဆီက လုံးဝကိုလှည့်စားခံလိုက်ရတဲ့အတွက် သူစိတ်တော့မကြည်နေပါ၊
"ကစားသမားတွေက အမှန်တရားကို ရှာတွေ့သွားတဲ့အခါ အံ့အားသင့်သွားစေဖို့အတွက်"

သူ သဘာဝမကျနေတာတစ်ခုကို သိရှိလိုက်သည်။
"ဒါပေမဲ့ မင်းနဲ့ငါက ပထမအခန်းထဲမှာ တူတူရှိနေတာလေ ၊ စာကြည့်ခန်းရဲ့ပိုင်ရှင်က အိမ်ရှင်အမျိုးသားပဲဖြစ်ရမှာလေ ၊ ပိုင်ရှင်အမျိုးသားက ငါသာဆိုရင် မင်းကဘယ်သူလဲ?"

ကျိုးကျစ်ဟန်က မျက်မှောင်ကြုတ်ကာ သူလည်း အဲ့နေရာမှာ ဇဝေဇဝါဖြစ်နေတာဖြစ်သည်၊ ရှရှီချင်းအင်္ကျီအဖြူရယ် ကစားသမားတွေရဲ့ ဝတ်ဆင်ပုံတွေရယ် နှင့် နောက်ဆုံး သူ့ကိုယ်ပိုင်ဝတ်စုံကိုကြည့်လိုက်သည်။

"ရိုက်ကူးရေးအဖွဲ့က ငါ့ဝတ်စုံကို မစီစဉ်ထားပေးဘူး ၊ကျွန်တော်ဒီတိုင်း ကွန်တော့်အင်္ကျီကိုပဲဝတ်လာခဲ့တာ ...."

ကျိုးကျစ်ဟန် အကြောင်းပြချက်ကို ကြိုးစားရှာကြည့်သည်
" မင်းက သေသွားတဲ့အိမ်ရှင်အမျိုးသား ၊ ဒါကြောင့်မင်းရဲ့ မျက်လုံးကိုလည်း စည်းထားခဲ့တာ ပြီးတော့ မင်းရဲ့လက်တွေခြေတွေကိုလည်း လှုပ်လို့မရဘူး ဘာလို့ဆို မင်းက သေပြီးသားမို့ ၊ ကျွန်တော်က ခင်ဗျားကို ကူညီပြီး အမှန်တရားကိုရှာပေး..."

"မင်းက စုံထောက်လိုမျိုးဖြစ်ရမယ် ဒါမှမဟုတ် လျို့ဝှက်အခန်း အမှန်တကယ် ဖောက်ထွင်းသူအစစ်"
ရှရှီချင်းက နောက်ဆုံးဆုံးဖြတ်ချက်ကို ချပေးလိုက်သည်။

I Only Like Your Character SettingsWhere stories live. Discover now