Chapter 3 ပုန်ကန်ရန်မွေးဖွားလာခြင်း

1.2K 149 18
                                    

သူ့ကို ချဥ်းကပ်လာသော ထိုသူလည်း အတော်ကြာဘာမှမပြောနိုင်ဖြစ်သွားသည် ၊ ရှရှီချင်း တစ်ချက်တောင်မကြည့်ပဲ အင်္ကျီကိုသေချာဆွဲညှိလိုက်ပြီး လှည့်မကြည့်တမ်း ထွက်လာခဲ့သည်

အဲ့လို ကိုယ့်ကိုဟုတ်လှပြီထင်နေတဲ့သူတွေက သူတို့ရဲ့ စုတ်ချာလှတဲ့ မာန်တက်မှုကို လုံးဝရိုက်ချိုးပစ်လိုက်မှ မဟုတ်ရင် လိုက်ရှုပ်လို့ပြီးတော့မှာမဟုတ်ချေ ၊ လမ်းတစ်ဖက်ကိုလျှောက်လာကာ တက်စီကို တား၍စီးလိုက်သည်

ပြန်လာတဲ့လမ်းတစ်လျှောက် ရှရှီချင်း weiboက ထိုဗီဒီယိုကိုပြန်ကြည့်နေခဲ့သည် ၊ ဗီဒီယိုက ရုပ်ရှင်ရဲ့ တရားဝင်ဘလော့ကနေပဲတင်ထားတာဖြစ်ပြီး ပရိသတ်တွေကလည်း ထိုအကြောင်းအရာအပေါ်မှာ အလိုလိုပဲ ဆွေးနွေးလာကြတာဖြစ်သည် ၊ ဒါပေမဲ့လည်း ဒါက ပွဲရဲ့နောက်ဆုံးအဆင့်လိုခံစားရပြီး တစ်ယောက်ယောက်ပါဝင်ကာ ဒီအခွင့်အရေးကိုယူပြီး သတင်းပိုဖောင်းပွအောင်လုပ်ထားတာပဲဖြစ်ရမည်ဖြစ်သည်၊

ဒီအကြောင်းတွေးတာနဲ့စိတ်ကမပျော်မရွှင်ဖြစ်လာကာ ယာယီငှားရမ်းထားတဲ့တိုက်ခန်းကိုပဲပြန်လာခဲ့သည်၊ အိမ်ပြန်ရောက်တော့ ရေပူဖြင့်ချိုးလိုက်ပြီး တစ်ချိုးတည်း အိပ်ပစ်လိုက်သည်

နောက်နေ့နေ့လည်လောက်ထိအိပ်ပစ်လိုက်ပြီး နိုးလာပြီးဖုန်းကိုကြည့်လိုက်တော့ သူ့ဖုန်းက အသံပိတ်ထားမိပြီး ဖုန်းကောတွေ လေးဆယ်ကျော်လောက်ဝင်ထားခဲ့သည် ၊ နှစ်သစ်ကူးအချိန်တွေမှာတောင်ဖုန်းမခေါ်တဲ့ သူ့မိဘတွေကတောင်ခေါ်ထားကြကာ သူဒီတိုင်းပဲပြန်ထားလိုက်သည်။

အခိုက်တန့် သူကျေနပ်မိသည် ၊ သူ့ကိုလျစ်လျူရှုထားသော သူ့အဖေနဲ့ သူ့ကိုအရိုးထဲထိမုန်းတဲ့ သူမိထွေးတို့ရဲ့ မျက်စိရှေ့မှာ သူ့ကို မြင်‌ေနရအောင်ထိ နာမည်ကြီးလာခဲ့တာပင် ၊ သွားတောင်မတွေ့ရပဲ ဆွေ့ဆွေ့ခုန်အောင်လုပ်ပေးလိုက်ရတာက သူ့အတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲဖြစ်သည်။

ကိုယ်လက်သန့်စင်ပြီးနောက် ရှရှီချင်းက သူ့ဆံပင်ဖြစ်သလိုစီးလိုက်ပြီး ခေါင်းထိပ်မှာ အလုံးတစ်ခုလုံးကာ စုချည်ထားလိုက်သည် ၊ သန့်ရှင်းမှုမရှိတဲ့ အဝတ်အစားတစ်စုံကိုလဲလိုက်ပြီး လက်မှာ ဆေးစုံကားချပ်ပြားကိုကိုင်လိုက်ပြီး ဆေးချယ်ဘုတ် ရှေ့မှာထိုင်လိုက်သည်၊ အနီနဲ့အပြာရောင်ရောလိုက်ပြီး ခရမ်းရင့်ရောင်အဖြစ်ရောစပ်လိုက်သည် ၊ သူ့မျက်လုံး‌တွေကိုမှိတ်လိုက်တော့ ထိုညကသူ့ကိုမထီမှဲ့မြင်ပြုခဲ့သော ကျိုးကျစ်ဟန်ရဲ့ အမူအရာကို ပြန်မြင်ယောင်လာခဲ့သည်

I Only Like Your Character SettingsWhere stories live. Discover now