Chapter -5 မသန့်ရှင်းမှု

744 135 7
                                    


            သူ တခြားပွဲအခမ်းအနားတစ်ခုကနေပြန်လာပုံရသည် ၊ ခဲစိမ်းရောင်ဂျာကင်ကိုဝတ်ဆင်ထားတဲ့ ကျိုးကျစ်ဟန်အထဲကို သုတ်သုတ်ဝင်လာခဲ့သည်၊ ဝင်လာတာနဲ့ ပတ်ပတ်လည်က ဝန်ထမ်းတွေကို လိုက်နှုတ်ဆက်လေသည်။

"ဆောရီးပါ ကျွန်တော်နောက်ကျသွားပြီ"

မျက်နှာရဲ့တစ်ဝက်လောက်ကိုအုပ်ထားပြီး စူးရှတဲ့မျက်ဝန်းတစ်စုံကိုသာ ဖော်ပြထားသည်။

"ကျစ်ဟန် ရောက်ပြီ"

သူ အားပေးမှုတွေ‌ ကောင်းမွန်တဲ့ဖက်ကနေအရမ်းရရှိပါသည် ၊ သူက ဒီရဲ့ ရုပ်မြင်သံကြားဌာနက ပရိုဂရမ်တွေမှာ ပါဝင်နေကျဖြစ်ကာ လာသမျှဝန်ထမ်းတွေက သူနဲ့စကားပြောကြကာ သူ့ကို အရမ်းသဘောကျကြသည်၊ ကျိုးကျစ်ဟန်က အသက်၂၀ပဲရှိသေးကာ ဒီအသိုင်းအဝိုင်းမှာ သူက လူအများစုအတွက်က မောင်ငယ် ညီငယ်အရွယ်သာဖြစ်နေသည် ၊ သို့သော်သူ့ရဲ့နဂိုပြင်းလှတဲ့အရောင်အဝါက လူတွေကို သူ့ရဲ့အသက်ကိုမေ့သွားစေသည်၊

မိတ်ကပ်ဆရာက သူ့ဆံပင်နဲ့မိတ်ကပ်ကိုပြင်ဆင်ရန်အတွက် သူ့ကိုဘေးကိုဆွဲလိုက်သည် ၊ မနေ့ညက သူမဂ္ဂဇင်းရှုတင်အတွက် မနက်အာရုံတက်ထိရိုက်ကူးခဲ့ရသည် ၊ ပြီးတာနဲ့ ရုပ်ရှင်ပရိုမိုရှင်းအတွက် သုတ်ချေတင်ပြေးခဲ့ရသည် ၊ အိပ်ရေးမဝသေးသော ကျိုးကျစ်ဟန်က သူအိပ်ရရန်အတွက် စတိုင်လစ်ကို ဆံပင်ကိုဒီတိုင်းထားလိုက်‌ဖို့တောင်းဆိုပြီး မျက်စိမှိတ်ကာ မိတ်ကပ်အပြင်ခံလိုက်သည်။

"ရှောင်ဟန် ဒီနေ့ဝတ်ထားတာ အရမ်းမိုက်တာပဲ"
မိတ်ကပ်ဆရာအစ်မက နူးညံ့စွာပြုံးလိုက်သည်။

ဦးနှောက်ကိုကောင်းကောင်းအနားမပေးရသေးတာကြောင့် တုန့်ပြန်မှုက နှေးကွေးနေသည် ၊ ကျိုးကျစ်ဟန်မျက်လုံးလေးဖွင့်လိုက်ပြီး အရှိအတိုင်းဖြေလိုက်သည်
"ဒီဝတ်စုံက သူ့တံဆိပ်ကနေ စပွန်ဆာရထားတဲ့ဟာပါဗျာ"

"ဖူးးး.."
မိတ်ကပ်ဆရာမက ရီလိုက်ကာ သူ့ဆံပင် ပုံသွင်းစပရေးနဲ့  ဖြန်းလိုက်သည် ၊

"ပွင့်လင်းလိုက်တာ"

သူ့အခြေအနေက တော်တော်လေးမဟန်နေတာတွေ့တော့ လက်ထောက်ရှောင်လောင်က ကော်ဖီအေးတစ်ခွက်မြန်မြန်သွားဝယ်လာခဲ့သည်၊ ကျိုးကျစ်ဟန်ဆံပင်ပုံသွင်းလို့ပြီးသွားတော့ ပရိုမိုရှင်းဓာတ်ပုံရိုက်ကူးဖို့စောင့်နေခဲ့သည် ၊  ကော်ဖီကိုယူလိုက်ပြီးကျေးဇူးတင်ကြောင်းပြောကာ အဝတ်အစားလဲခန်းမှထွက်လာခဲ့သည်။

I Only Like Your Character SettingsWhere stories live. Discover now