Chapter - 17

451 76 2
                                    

Oedipus

စန်းစန်းက ပြောင်ရှင်းနေသောကုတင်အောက်ခြေကို ကြည့်ပြီး အနည်းငယ် တုန်လှုပ်ပြီး စိတ်လှုပ်ရှားလာသည်၊
" သဲလွန်စလည်း တစ်ခုမှမရှိသေးဘူး..."

ရှန်းစစ်ယွဲ့ဖက်ကို လှည့်ကြည့်ကာ
" စစ်ယွဲ့ ငါတို့ ဘယ်လို လုပ်ကြမလဲ"

ရှန်းစစ်ယွဲ့က သက်ပြင်းချလိုက်ပြီး
"ကျွန်တော်တို့ မဲပေးပြီးတာကို စောင့်မှရလိမ့်မယ် "
ရှန်းစစ်ယွဲ့ ဖုန်းကိုထုတ်လိုက်ပြီး စခရင်ပေါ်မှာ Countdown ရေတွက်မှု ဖော်ပြနေသည်
" ၁၃မိနစ်ကျန်သေးတယ်"

"အာ့ဆိုငါတို့ဘယ်သူ့ကိုမဲပေးကြမလဲ ၊ အရင်အတိုင်းအဲ့သူပဲလား?"

ရှန်းစစ်ယွဲ့ က ချိုချဉ်မရသော ကလေးကဲ့သို့နှုတ်ခမ်းစူကာ မျက်မှောက်ကြုတ်ပြီး
"မမစန်းစန်း ၊ ရှီချင်းပြောတာကို ချက်ချင်းကြီး နားမယောင်သင့်ဘူး ၊ ကျစ်ဟန်က တကယ် သတ်ဖြတ်သူလို့ထင်နေတာလား ၊ ကျစ်ဟန် အပြုအမှုကိုကြည့်ပြီး ဗီလိန်လို့မထင်ပါဘူး ၊ ပြီးတော့ သူကို သင်ယူမှုနတ်ဘုရားလို့ သိထားကြတာပဲလေ ၊ ပဟေဠိတွေမြန်မြန်နဲ့ ရှင်းရှင်းလင်းလင်း ဖြေရှင်းနိုင်တာလောက်ကတော့ သူအတွက်ပုံမှန်ပဲလေ ၊ ကျွန်တော့်တို့အခုလုပ်ရမှာက အဖြစ်နိုင်ဆုံးသူကို မဲပေးထုတ်ပစ်ရမှာ"

စန်းစန်းက တွန့်ဆုတ်နေပြီးမှ မရေရာစွာမေးလိုက်သည်
" ကျစ်ဟန်ကို အမတို့ဖက်ပါအောင် ပြောကြည့်ရင်ရော?"

ရှန်းစစ်ယွဲ့က ခေါင်းခါလိုက်ကာ
" ထားလိုက် ၊ သူက တချိန်လုံး ရှရှီချင်းနဲ့တူတူရှိနေခဲ့ပြီးသားမို့ ကျွန်တော်တို့ သွားပြောစရာလိုမှာမဟုတ်ဘူး ယွမ်ရှောက်ကလည်း အရင်တည်းက ကျွန်တော်တို့နဲ့ သဘောတူပြီးသွားပြီ ၊အကုန်လုံးသာ ဝိုင်းပြီးမဲပေးလိုက်ရင်..."
ရုတ်တရက် အသံတစ်သံကြားလိုက်တာမို့ ရှန်းစစ်ယွဲ့တံခါးကို ဖြည်းဖြည်းလေး ဖွင့်ကြည့်လိုက်ရာတဖက်အခန်းက ယွမ်ရှောက်အသံကိုကြားလိုက်ရသည်။

"ဟုတ်ပြီ ဒါဆို ကျွန်မလည်း ရှင်နဲ့အတူ ကျိုးကျစ်ဟန်ကိုမဲပေးကြမယ်"

ရှရှီချင်း အသံကလည်း ပေါ်လာသည်။

"ကျွန်တော့်ကို ယုံ ၊ သူက တစ်ခုခု ရှိတာသေချာမလွဲပဲဗျ"

I Only Like Your Character SettingsWhere stories live. Discover now