Chapter-8

644 93 0
                                    

<< မှန်နှင့် မှတ်စုများ>>

ကျိုးကျစ်ဟန် ဒူးတစ်ဖက်ကို ထောက်လိုက်ပြီး ရှရှီချင်းကိုကူညီပြီး ခြေထောက်မှ ကြိုးကို ဖြေပေးလိုက်သည် ၊ ကျိုးကျစ်ဟန်လည်း ဘာကဘယ်လိုဖြစ်ကုန်မှန်းသူလည်းမသိတော့ပေ ၊ သူဘာကြောင့်ဒီသူရဲ့ အဖျားယောင်ကိုခံလိုက်တာလဲ သူဘာကြောင့် ထိုသူ၏တောင်းဆိုချက်ကို ခိုင်မာစွာ မငြင်းဆိုပါပဲ သဘောတူလိုက်ရတာပါလဲ မသိတော့ပေ။

ဘာတစ်ခုမှ အစီအစဉ်မကျနေပါ။

ရိုက်ကူးရေးလုပ်နေတာကြောင့်မို့လား ကျိုးကျစ်ဟန်သူ့ကိုယ်သူ‌ပြန်မေးလိုက်သည် ၊ ပြီးတော့ ငြင်းလို့လည်း မကောင်းဘူးလေ ၊ ကျိုးကျစ်ဟန် အကြောင်းပြချက်တစ်ခုရှာတွေ့သွားသည်။

"ကျေးဇူးပါ"
ရှရှီချင်းသည် လက်ထိပ်ခတ်ထားခံရဆဲဖြစ်သော်လည်းသူရဲ့နောက်ဆုံးစကားလုံးအသံက အရမ်း‌ စိတ်ကျေနပ်နေသလိုခံစားရသည် ၊ သူခုံပေါ်ကထလိုက်ပြီး ကြမ်းခင်ပေါ် ခြေကိုချလိုက်သည် ပြီးတော့ အခန်းထဲကို ခေါင်းလှည့်ကာ စူးစမ်းလိုက်သည် ၊ ကျိုးကျစ်ဟန်က ပစ္စည်းတွေပေါ်က အဖြူရောင်ပိတ်စတွေကိုဖယ်လိုက်ပြီး အခန်းထောင့်မှာချထားလိုက်သည် ။

အခန်းက အရမ်းမကြီးပါ ၊ အခန်းတည်ဆောက်ပုံအရ စာလေ့လာ‌လို့ကောင်းသော ဒီဇိုင်းလှတဲ့ အခန်းဖြစ်သည် ၊ သူတို့ စိတ်ဝင်အစားဆုံးက တံခါးမှာ Code lock တစ်ခုပါရှိသည် ၊ စခရင်ပေါ်မှာ ဂဏန်းလေးလုံးကိုရိုက်ထည့်နိုင်မှ ဖွင့်လို့ရမည်ဖြစ်သည်။

အခန်းထဲမှာ အမဲရောင် ထောင့်ကွက်တွေနဲ့ အညိုဖျော့ရောင်နံရံကပ်တွေကို ‌နံရံလေးဖက်လုံးမှာကပ်ထားပြီး များစွာသော ပန်းချီတွေကိုလည်း ချိတ်ဆွဲထားသည် ၊ သစ်သားဘောင်နဲ့မှန်တစ်ချပ်ရှိသည် ၊မှန်ရဲ့ဘယ်ဘက်မှာ နံရံကပ်ထားတဲ့ ဗီဒိုတစ်ခုရှိပြီး ထိုပေါ်မှာ တိတ်ပြားသီချင်းစက်တစ်ခုရှိသည်။

ထိုဘက်ကို ရှရှီချင်း အာရုံမလာပါ ၊ သူ ဒီအခန်းထဲက ကင်မရာထားရှိပုံတွေကိုသေချာကြည့်ရှုနေသည် ၊ ချုံငုံကြည့်ရင် ဒါသည် reality show တစ်ခုဖြစ်သည် ၊ လှည့်ကွက်တွေက အားလုံးစီစဉ်ထားပြီးသားဖြစ်သည် ၊ဒါကြောင့် လှည့်ကွက်ဖြေရှင်းတဲ့ဖြစ်စဉ်တစ်လျှောက်လုံးကိုရိုက်ကူးဖို့ အနီးကပ်ကင်မရာရှိနေရမည်။ ကင်မရာတွေကိုလိုက်စစ်ကြည့်ပြီး ရှရှီချင်းတော်တော်များများသိလိုက်သည် ၊အလုပ်ရောဂါက ရှရှီချင်းကို နံရံမှာချိတ်ထားတဲ့ပန်းချီကိုကြည့်မိစေသည် ၊ကျိုးကျစ်ဟန်လည်း ရောက်လာခဲ့သည် သူက‌တော့ ပန်းချီနောက်ကွယ်က သဲလွန်စတွေကိုရှာရန်ဖြစ်သည်။

I Only Like Your Character SettingsWhere stories live. Discover now