Chapter -7 ညှိနှိုင်းသူ

671 109 1
                                    

ရှရှီချင်းရဲ့ စကားကိုကြားတော့ ကျိုးကျစ်ယန် တောင့်တင်းသွားသည် ၊ သူစကားမပြောပေမဲ့လည်း သူ့ရဲ့ မူမမှန်တဲ့ နှ‌လုံးခုန်သံက လိမ်လို့မရပေ ။

သူမျက်လုံးကို‌ မှေးပြီး သူ့ကို တည့်မတ်စွာထိုင်ကာမျက်နှာချင်းဆိုင်နေသော သူ့ရှေ့မှထိုသူကို ကြည့်လိုက်သည်။ ရှေ့မတိုး‌‌နောက်မဆုတ်သာသော အခြေအနေတစ်ခုမှာ သူက မေးလာသည်
" မင်းပါးစပ်ကိုစည်းထားကြတာလား ဘာမှမဖြစ်ဘူး ဒီအဝတ်စလေး ဆွဲချဖို့ကူပေးနိုင်မလား?"

ရှရှီချင်းရဲ့ အသံက သူငြင်းဆိုရခက်လောက်အောင် ကြည်လင်ခိုင်မာနေသည်၊ ကျိုးကျစ်ဟန်လည်ပင်းကိုလှည့်လိုက်ကာ တိတ်ဆိတ်စွာတွေးနေခဲ့သည်။

အမှန်တိုင်းပြောရရင် သူ ဒီလူကိုနည်းနည်းမှ ဂရုစိုက်ပါဘူး

ဒါပေမဲ့ ဒီလို အခြေအနေအတိုင်းသာဆက်နေနေရင် နှစ်ယောက်လုံး ရိုက်ကူးရေးအတွက်မပြောနဲ့ ဒီအခန်းအပြင်ကိုတောင်ထွက်ရမှာမဟုတ်ဘူး ရိုက်ကူးရေးအဖွဲ့သားတွေကို ခက်ခဲအောင်မလုပ်သင့်ပေ။

ဟိုဟိုဒီဒီ ဖြစ်နေရင်း နောက်ဆုံးကျိုးကျစ်ဟန် ရွေးချယ်စရာမရှိပဲ ပွဲကောင်းလေးကြည့်ရတာကို လက်လျော့လိုက်ရသည်။

ကျိုးကျစ်ဟန် သူ့ခြေထောက်ကိုကြမ်းပေါ်ထောက်လိုက်ပြီး သူထိုင်နေတဲ့ ရုံးသုံးထိုင်ခုံကို စားပွဲရှည်ဖက်ဆွဲလှည့်သည်။ ထိုပေါ်ကဂန္ဓမာပန်းထိုးထားသော အဖြူရောင်ကြွေအိုး သူ့နဲ့နီးကပ်စွာရှိသည် ၊ ကျိုးကျစ်ဟန်ကြိုးစားပြီး ချည်ခံထားရသောလက်ကိုဆန့်ထုတ်ကာ ထိုပန်းအိုးကိုခက်ခဲစွာလှမ်းလိုက်သည် ၊ နောက်ဆုံးတော့ သူ ပန်းအိုးရဲ့ အိုးဝကို လှမ်းကိုင်မိပြီး ဘန်းခနဲ အသံနဲ့ပစ်ခွဲလိုက်သည်။

ကျိုးကျစ်ဟန်ခြေထောက်ကိုမြောက်ကာ စားပွဲရဲ့ထောင့်စွန်းကို သူ့ဖိနပ်နဲ့ ကန်ပြီး အားနဲ့တွန်းလိုက်သည် ။ သူ့ထိုင်ခုံကို ရှရှီချင်းဖက်သို့ ဆွဲပြီးရွေ့လိုက်သည်။

" ငါမင်းကို မျက်လုံးစည်းဖြုတ်ပေးလို့ရတယ် မင်းလည်း ငါ့ကိုတလှည့်ကြိုးပြန်ဖြေပေးရမယ်"

I Only Like Your Character SettingsWhere stories live. Discover now