Chapter -13

522 77 0
                                    

<< ထာဝရ သံသယရှိသူ>>

သူ့စကားကြောင့် ရှန်းစစ်ယွဲ့လန့်သွားပြီး လက်ကိုပြန်ဆုတ်ကာ
"ဒါ..ဒါဆို ကျွန်တော် ဒါကိုဖွင့်သင့်ရဲ့လား?"

ရှရှီချင်းက ပြုံးလိုက်ပြီး လျှောက်သွားကာ သူ့လက်ထဲက သော့ကိုယူကာ
"ဖွင့်လိုက်ပါ ၊ သော့ရှာဖို့ အတော်အားထုတ်ထားခဲ့ရတာပဲဟာ"
သူပြောနေရင်း ဖွင့်လိုက်ပြီး ရှန်းစစ်ယွဲ့ကအနောက်မှာ ရပ်နေခဲ့သည်။

သုံးယောက်လုံးရဲ့ဖုန်းတွေက မြည်လာခဲ့ပြီး တချိန်ထဲမှာပဲ အခန်းအသစ်မှ တူညီသော အသံကလည်း ထွက်လာခဲ့သည်။

သူတို့အခန်းကထွက်ပြီးကြောင်း ကြေညာစာပင်ဖြစ်သည်။

"Wow"
ရှန်းစစ်ယွဲ့က ရှရှီချင်းကို ကျော်ပြီး အရှေ့ကိုလှမ်းကြည့်ရန် ခေါင်းလေးကို ပင့်လိုက်သည်။
"အခန်းကတော်တော်ကြီးတာပဲ"

အခန်းရဲ့တဖက်တံခါးနားမှာ မိန်းကလေးနှစ်ယောက်ရပ်နေတာကိုတွေ့လိုက်ရသည် ၊ သူတို့ထဲက တစ်ယောက်က သူမရဲ့ဘေးတစောင်းပုံက အရမ်းရင်းနှီးနေသည်၊
"မမ စန်းစန်း"

နာမည်အခေါ်ခံလိုက်ရသော မိန်းကလေးက နှင်းဆီခါးပတ်တစ်ခုနှင့် အဖြူရောင်ဂါဝန်ရှည်ကိုဝတ်ဆင်ထားကာ ခါးလောက်ရှိသော အနက်ရောင်ဆံပင်ရှည်ကို ဖြန့်ကာ ချထားသည်။ သူမက ရိုးရှင်သော မိတ်ကပ်ကိုပြင်ထားသည် ၊ အနီရောင်နှုတ်ခမ်းဆိုးနီက မျက်လုံးထဲထင်းစေသည် ၊ မျက်နှာအချိုးအစားက အံ့ဩဖွယ်လောက်မဟုတ်ပေမဲ့ သဘာဝဆန်သည်၊ ရှန်းစစ်ယွဲ့ကိုတွေ့တော့ လက်ကိုမြောက်ပြကာ အပြုံးတစ်ခုဖြင့်
"စစ်ယွဲ့"

ရှရှီချင်း တရုတ်သီချင်းတွေသိပ်မသိပေမဲ့ စန်းစန်းအမည်နှင့်သူမကိုတော့ သိသည် ၊အရင်က အဖွဲ့bandတစ်ခုမှာ အဓိကအဆိုတော် ဖြစ်ခဲ့သည်၊ နောက်ပိုင်းကျန်းမာရေးကြောင့် အဖွဲ့ကနေ နှုတ်ထွက်ခဲ့တာဖြစ်သည်၊ ပြန်လာတဲ့အချိန်မှာတော့ သူမ တကိုယ်တော် အဖြစ်သာ ပွဲထွက်ခဲ့သည်၊ သူမရဲ့ အေးဆေးဖြစ်တဲ့ ကိုယ်ကျင့်စရိုက်ကြောင့် မိန်းကလေးပရိတ်သတ်တွေဆီကလည်း အချစ်ခံရသည်။

"မမစန်းစန်း"
ရှန်းစစ်ယွဲ့က အသိအကျွမ်းကိုတွေ့တော့ ရဲရဲတင်းတင်းသာ လျှောက်ဝင်သွားခဲ့သည် ၊
"ဒီအခန်းက‌လား?"

I Only Like Your Character SettingsWhere stories live. Discover now