Chapter -21 (part 2)

505 87 6
                                    

ဤကဲ့သို့သောအကြိုက်မျိုး

အသက်ရှုသံ ငွေ့ငွေ့လေးက ရှရှီချင်းရဲ့ မျက်နှာကို လာရိုက်တဲ့အခါ သူတို့ နှစ်ယောက်ရဲ့ နှုတ်ခမ်းတွေအကွာအဝေးက 1 mm လောက်သာကျန်တော့သည်၊ သူ့မျက်နှာကို အလင်းတဝက် အမှောင်တဝက်ကျနေရာ တဖက်မှာ မီးအိမ်အလင်းရောင်အဝါဖျော့ဖျော့က ကျရောက်နေပြီး နောက်တဖက်က ညအချိန်ရဲ့ အမှောင်ထုက အမှောင်ရိပ်ကျနေသည် ၊

သူတို့ နှုတ်ခမ်းတွေထိလုနီးပါးရောက်ခါမှ ရှရှီချင်းလက်လျော့လိုက်တော့သည်၊ မတ်တပ်ရပ်လိုက်ပြီး ဆံပင်တွေကြား လက်ချောင်းတွေထိုးထည့်ကာ ခပ်ကြမ်းကြမ်း ကုတ်ပစ်လိုက်သည်၊

ငါဘာတွေလုပ်နေတာလဲကွာ

အချစ်ရှုးနေတဲ့ မနူးမနှပ်အရွယ်တွေလုပ်သလိုမျိုး လျှောက်လုပ်နေရတယ်လို့

ဆံပင်ကို ကုတ်ခြစ်လိုက်ပြီး ရှရှီချင်း အိပ်ရာဆီသို့သွားကာ ဆိုဖာပေါ်မှ စောင်ကိုယူလိုက်သည် ၊ ကျိုးကျစ်ဟန်ကိုယ်ပေါ်မှာ ခြုံထားတဲ့ ခဲစိမ်းဂျာကင်အင်္ကျီကို ဆွဲဖယ်လိုက်ပြီး စောင်ကို ဖြစ်သလို တင်ကာ ခြုံပေးလိုက်သည်၊

ဆေးလိပ်တလိပ် ဖွာလိုက်ကာ ရှရှီချင်း တခြားဆိုဖာတစ်ခုမှာ ထိုင်လိုက်၏ ၊ ဆေးလိပ်က စိတိငြိမ်ဆေးလို သူ့ရဲ့အမူးမပြေသေးတဲ့ ဦးနှောက်ထဲကို ပျော်ဝင်သွားခဲ့သည်၊ ဆေးလိပ်ဖွာပြီးနောက် ထပြီး ကျိုးကျစ်ဟန် ဂျာကင်ကို ဆွဲဝတ်ပြီး ဟိုတယ်ခန်းကနေထွက်လာခဲ့၏

ဓာတ်လှေကားကနေထွက်တော့ ရှေ့ကောင်တာမှာ သူ့ကို ကူပေးခဲ့သော ညီငယ်လေးနဲ့ပြန်တွေ့သည်၊ဓာတ်လှေကားကနေထွက်လာတော့ ထိုညီငယ်က သူ့ကို မျက်နှာမှာ Question mark ( ? )အကြီးကြီးချိတ်ထားတဲ့ရုပ်နဲ့ စိုက်ကြည့်လာရာ ရှရှီချင်းက ဦးထုတ်ကိုချွတ်ပြီး ကောင်တာဆီသွားလိုက်သည်၊ မက်မွန်သီးမှည့် မျက်လုံးအစုံက လှပစွာဖြစ်တည်တေလေရဲ့၊
"ကျေးဇူးပါဗျ"
"အစ်ကိုက.."
ညီငယ်လေးက သတိပြန်ရကာ စကားလုံးကပြန်ပြောင်းသွားသည်၊
"အစ်ကို...အစ်ကိုက အခန်းထဲမှာမူးနေ...ပြီးတော့ သူ..."
"အော်~ ဟုတ်ပါ့ဗျာ ကျွန်တော်အမူးပြေသွားလို့ပါ"
ရှရှီချင်း ကောင်တာက သံတန်းပေါ်ကို လက်ချောင်းလေးနဲ့ဖွဖွတောက်နေကာ
"မနက်ဖြန် ကျစ်ဟန်နိုးလာရင် ပြောပြပေးအုံးပါဗျာ ကျွန်တော် သူ့အင်္ကျီယူသွားတယ်လို့"
ပြောပြီးတော့ ရှရှီချင်း အိတ်ကပ်ထဲလက်ထိုးထည့်ပြီး မေးစေ့ကို ထောင်နေတဲ့ ကော်လံထဲ ပုဝင်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်
"အရမ်းအေးလို့~"
အဲ့လိုနဲ့ သူဟိုတယ်ကနေ ဂုဏ်အပြည့်နဲ့ အစီးအတားမရှိ နောက်မလှည့်တမ်းထွက်လာခဲ့သည်၊

I Only Like Your Character SettingsWhere stories live. Discover now