Chapter -28

542 79 3
                                    

ရင်ခုန်သော ရပ်ဝန်း

ပြောပြီးနောက် ကျိုးကျစ်ဟန်က လင်းမိုရဲ့လက်ကိုပြန်လွှတ်ပေးလိုက်သည် ၊ ပြီးကာ သူ့လက်ကို စတိုင်ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်ထား၏။

လင်းမိုက ကျိုးကျစ်ဟန်နဲ့ တခါမှ မတွေ့ဖူးသော်လည်း ကျိုးကျစ်ဟန်နဲ့ ရှရှီချင်းကြားမှာ ဆက်ဆံရေးတစ်ခုရှိကြောင်းကို အခြေအနေအရ ခန့်မှန်းသိလိုက်သည်၊ သူ့လက်ကောက်ဝတ်ကို ကိုင်ပြီး ပြုံးကာ ရှရှီချင်းဆီကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါ ခေါင်းတဆတ်ဆတ်ငြိမ့်၍
"ဒီနယ်ပယ်မှာ အတွေ့အကြုံမရှိဘူးတဲ့လား...အော်.."

ရှရှီချင်းက မှန်မှတဆင့် မျက်ခုံးပင့်ပြလာရာ လင်းမိုတစ်ယောက် ငြီးငွေ့ချင်လာပြီး အပြုံးနှင့်အခန်းထဲမှ ထွက်သွားခဲ့သည် ၊ တံခါးပိတ်သွားပြီးနောက် အခန်းထဲမှာ ရှရှီချင်းနဲ့ ကျိုးကျစ်ဟန်သာ ပြန်ကျန်တော့၏။

ကျိူးကျစ်ဟန်ရဲ့ စောစောက လက်ရဲဇက်ရဲယုံကြည်မှုကြီးမှာလည်း လေလျော့သွားသော မိုးပျံပူပေါင်းလို ပျောက်ချင်းမလှပျောက်သွားတော့သည် ၊ သူများကိစ္စကြားထဲ ဝင်ပါမိလိုက်သလိုခံစားလာမိသည် ၊ ရှရှီချင်းဖက်က ဒီ'ပြန်တွေ့ဆုံမှု'ကို လိုလားတာလည်း ဖြစ်ချင်ဖြစ်နေနိုင်ပြီး သူတပါးရဲ့ ကောင်းကျိုးကို ဝင်နှောင့်ယှက်မိသလိုခံစားလာရသည်။
(T/N- မြင်တယ်နော် ရှင်တို့သားလေး ကိုဖြူစင်ကို 乁⁠ ⁠˘⁠ ⁠o⁠ ⁠˘⁠ ⁠ㄏ)

သူပိုတွေးလေလေ ပိုပြီးစိတ်မချမ်းသာလေလေဖြစ်နေကာ ရုတ်တရက် ရယ်သံကပေါ်ထွက်လာသည် ၊ ကျိုးကျစ်ဟန်အသိပြန်ဝင်လိုက်ပြီး ရှရှီချင်းကိုကြည့်လိုက်ရာ မအောင့်နိုင်စွာ ခေါင်းကိုငုံ့ပြီး ကျယ်လောင်စွာ ရယ်ပြီးရင်းရယ်နေတာကို တွေ့လိုက်ရသည် ၊

"ဘာကိုရယ်နေတာလဲ ?"
ကျိုးကျစ်ဟန်က သူ့လည်း ကူညီပေးထားရသေးတာတောင် အရယ်ခံနေရတော့ နည်းနည်းစိတ်တိုသွားသည်။

ရှရှီချင်းကတော့ မျက်ရည်ကျလုမတတ်ရယ်ကာနေခဲ့၏၊ သူ့ကိုယ်သူ စိတ်ငြိမ်အောင်ပြန်ထိန်းကာ သူ့ဘေးမှာရပ်နေသော ကျိုးကျစ်ဟန်ကို ကြည့်ကာ
" ဒီနယ်ပယ်မှာ အတွေ့အကြုံမရှိသေးဘူးတဲ့လား"
ပုခုံးပေါ်ခေါင်းစောင်းပြီး လခြမ်းသဏ္ဍာန်မျက်လုံးအစုံမှာ ကျိုးကျစ်ဟန်ရဲ့ မျက်လုံးတွေထဲကို ကြည့်နေခဲ့၏

I Only Like Your Character SettingsWhere stories live. Discover now