Chapter - 16

477 81 3
                                    

               ရေ‌နောက်ထဲကငါး ကိုအမိဖမ်းခြင်း

သိပ်မကြာမီ ပရိုဂရမ်အသင်းမှ ကြေညာချက် အသံထွက်လာသည် ၊
"ကစားသမားများခင်ဗျာ မဲပေးအကဲဖြတ်ဖို့ မိနစ် ၃၀သာ ကျန်ရှိပါတော့တယ်ခင်ဗျာ ၊ countdown ကို မင်းတို့ရဲ့ ဖုန်းscreenမှာ ပြသပေးသွားပါလိမ့်မယ်၊ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ သတ်ဖြတ်သူကို ရွေးချယ်ဆုံးဖြတ်ကြပါရန်နဲ့ စုဝေးမဲပေးဖို့ စားပွဲဆီကို သွားပေးကြပါခင်ဗျာ"

"အချိန်က အရမ်းကြပ်ပါလား?"
ရှရှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။

ဒါက Werewolf ဂိမ်းနဲ့ဆင်တူသည်၊ လူတိုင်းရဲ့ သရုပ်မှန်ကို ဖုန်းကွယ်ထားပြီး ဘယ်သူ့ကိုမှ မသိနိုင်ပေ၊ တစ်ယောက်ကိုတစ်ယောက်သာ သံသယဝင်နေရသည်၊ မဲပေးတာတောင် ဖုန်းကတဆင့် အမည်မသိနည်းနဲ့ ပေးရတာကြောင့် ဘယ်သူက ဘယ်သူ့ကိုပေးမှန်းလည်း မသိရပေ။

ဆုံးဖြတ်ချက်မှားတာနဲ့ အပြစ်မရှိတဲ့သူကို ထုတ်မိနိင်ပြီး ဒါက နောက်ဆုံးပွဲရလဒ်ကိုသက် ရောက်စေနိုင်သည် ။

အမှန်တိုင်းပြောရရင်ဒါက reality show တစ်ခု အပျော်ပြိုင်ဂိမ်းတစ်ခုသာ ဖြစ်တာမို့ ရှုံးရလည်း ကိစ္စမရှိသော်လည်း ရှရှီချင်းဟာ သူ့ဘဝမှာ Game Over ဆိုပြီး ရှုံးနိမ့်မှုဆိုတာကို အမုန်းဆုံးဖြစ်သည်။

သူဟာ အောင်နိုင်ခြင်း ပြပုဒ် အနေနဲ့သာ နေထိုင်လာသူဖြစ်သည်။

တိကျတဲ့သက်သေမရှိပဲ ဆုံးဖြတ်ချက်ကို ပေါ့တန်တန်မချသင့်ပေ။

ရှရှီချင်းက ရှန်းစစ်ယွဲ့ကို အိမ်ရှင်အမျိုးသမီး အခန်းဆီ ခေါ်လာခဲ့ကာ အထဲမှာ စန်းစန်းနဲ့ ယွမ်ရှောက်က ရှိနေသည် ၊ အခုအချိန်မှ ရှရှီချင်းက ထိုမိန်းကလေး နှစ်ယောက်ထဲမှာ သတ်ဖြတ်သူရှိမယ်လို့ ယုံကြည်နေပေမဲ့ သူ့မှာ သက်သေလည်း မရှိသလို ထိရောက်တဲ့ သဲလွန်စလည်းမရှိပေ။

သွားအောက်အစ်ကြည့်ရင်လည်း လွယ်လွယ်နဲ့မိသွားလိမ့်မည်။

"ရှီချင်း"
ယွမ်ရှောက်ကပဲ သူ့ကိုအရင်လှမ်းခေါ်လာသည်၊
"ကျွန်မရှင့်ကို ပန်းချီနဲ့ပတ်သတ်ပြီး မေးချင်လို့ ကျွန်မ ပန်းချီနဲ့ပတ်သတ်ပြီး သိပ်မသိလို့"

I Only Like Your Character SettingsWhere stories live. Discover now