Chapter -25

607 93 7
                                    

                         {  ပြိုင်ပွဲစတင်ပြီ }

ကျိုးကျစ်ဟန်က စားသောင်ဆိုင်ကနေ ခေါက်ဆွဲသုံးပွဲမှာယူလိုက်ပြီး ကြက်ဥကြော်ရယ် အသားရယ်ပါ တွဲမှာလိုက်သည်။

"ရေခဲသေတ္တာထဲမှာ ဟိုဟိုဒီဒီလေးတွေရှိတယ် စားချင်တာယူစား"

ရှရှို့ကျဲက အလွန်စိတ်တက်ကြွနေပြီး
"အနံအရမ်းမွှေးတာပဲကော !"

သူ့ကျောင်းဝတ်စံကိုချွတ်လိုက်ပြီး ထမင်းစားပွဲမှာ ခုံတလုံးယူကာထိုင်လိုက်သည် ၊ အကြီးဆုံးအပွဲကို ယူလိုက်ပြီးသူ့ရှေ့မှာချကာ လက်တဖက်က တူတစ်စုံကို စားပွဲမှာ ပျော်ရွှင်စွာတောက်လိုက်ပြီး
"ကျေးဇူးပါ အစ်ကိုကျစ်ဟန် ! "

ကျိုးကျစ်ဟန်က အပြုံးနဲ့ တုန့်ပြန်လိုက်သည် ၊ ရှရှီချင်းကို စားဖို့ ခေါ်ရမလား မခေါ်ရမလားနဲ့ တွေဝေနေကာ  သူတို့နှစ်ယောက်ကြား ကြမ်းတမ်းလှသော စကားစစ်ပွဲမှာ စောစောကမှ ပြီးထားရုံရှိတာမို့ ဘယ်ကဘယ်လို စကားပြန်စရမလဲ မသိတော့ပေ ၊ ကျိုးကျစ်ဟန်လက်လျော့လိုက်ပြီး စားပွဲမှာထိုင်လိုက်သည် ။

ရှရှီချင်းက သူ့ဘာသာ ဧည့်ခန်းကနေ မီးဖိုခန်းဆီကို ဆေးလိပ်နံ့တထောင်းထောင်းနဲ့ ဝင်လာခဲ့သည် ၊ ဘာမှမပြောပဲ ခေါင်းငုံ့ကာ ခေါက်ဆွဲကို တလုပ်စားလိုက်ပြီး ခေါင်းမော့ကာ ကျိုးကျစ်ဟန်ကို ပြုံးပြသည်
" အရသာကောင်းတယ်"

ကျိုးကျစ်ဟန်က ကြောင်အသွားပြီး ကိုင်ထားသောတူနဲ့ခေါက်ဆွဲဖက်တွေကို တို့စိတို့စိလုပ်နေသည် ၊  သူများတွေဆီက ကောင်းသောစိတ်နဲ့ ချီးမွမ်းလာလျင် မတောင့်ခံနိုင်သော လူမျိုးဖြစ်သည် ၊ ငယ်ငယ်ကတည်းက ဤအသိုင်းအဝိုင်းထဲမှာ နေထိုင်လာခဲ့တာပေမဲ့ ချီးကျူး‌မှုတွေနဲ့ တွေ့ကြုံလာတဲ့အခါတိုင်း  မသိလိုက်စွာ သူ့ကိုယ်သူ နိမ့်ချလိုသော စကားလုံးတွေ ရှာဖွေနေဆဲဖြစ်သည် ။

"မဟုတ်ဘူး ..ဒီတခေါက်က ပါတဲ့ အမယ်က နည်းတယ် နောက်တခါ. .. .."

နောက်တခါ?

ထိုစကားလုံးကိုပြောထွက်မိတဲ့ခဏ ကျိုးကျစ်ဟန် ရပ်တန့်သွားသည် ၊ဒီတစ်ခါက မစီစဉ်ထားပဲဖြစ်သွားတဲ့ကိစ္စမို့သာ ၊ ဒါကြောင့် နောက်တခါဆိုတာမရှိ။

I Only Like Your Character SettingsTempat cerita menjadi hidup. Temukan sekarang