Chapter - 31

634 87 8
                                    

               {အကြည့်ချင်းစုံတဲ့ ကစားနည်း}

အင်တာဗျူးပြီးတဲ့နောက် ကျိုးကျစ်ဟန်က မတ်တပ်ရပ်ကာ အင်တာဗျူးအဖွဲ့ဆီ ဦးညွှတ်နှုတ်ဆက်လိုက်သည်။

"ကြိုးစားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ"

"ကျစ်ဟန်နဲ့ ရှီချင်းလည်း ကြိုးစားပေးခဲ့ကြပြီ"
မေးမြန်းသူလည်း မတ်တပ်ရပ်ကာ
"မင်းတို့နှစ်ယောက်လုံး ပင်ပန်းနေကြတော့မှာပဲ "

ကျိုးကျစ်ဟန်က ခေါင်းခါလိုက်ကာ
"ဒါနဲ့ နောက်ဆုံးမေးခွန်းအတွက် အဆင်မပြေတာရှိရင် ဖြတ်ထုတ်လိုက်လို့ရပါတယ်"

မေးမြန်းသူက ပြုံးကာ
"မလိုပါဘူး ဒီလိုမျိုးက လူတိုင်းမြင်အောင်ပြသင့်တာ"

အလုပ်တွေ လတ်စသတ်ပြီးတော့  ကျိုးကျစ်ဟန်နဲ့ ရှရှီချင်း ရိုက်ကွင်းမှာပဲ မိတ်ကပ်ဖျက်ကာ အဝတ်အစားပြန်လဲဝတ်လိုက်သည်၊ အပြင်မှာစောင့်နေတဲ့ ရှောင်လော့က သူတို့နှစ်ယောက် ထွက်လာတာမြင်တော့ မြန်မြန်အနားလာကာ
" ကျစ်ဟန် ငါမင်းတို့နှစ်ယောက်လုံးကို လိုက်ပို့ပေးမယ် ဘာပဲဖြစ်ဖြစ် လမ်းက..."

'လမ်း'ဆိုတဲ့ စကားလုံးအပြင်သို့ မရောက်လာမှီ ရှောင်လော့၏ ပါးစပ်မှာ ကျိုးကျစ်ဟန်ပိတ်တာခံလိုက်ရသည် ၊ ပတ်ပတ်လည်မှ ဝန်ထမ်းတွေကို ဝေ့ကြည့်လိုက်ပြီး ရှောင်လော့ကို အကြည့်တချက်ပေးလိုက်သည်၊

ဘာပြန်တဲ့လမ်းလဲ ၊ ရှရှီချင်းနဲ့ တစ်လွှာတည်းမှာ တူတူနေတာကို သူများတွေအား မသိစေချင်ပေ။

ဘေးမှာရပ်နေသော ရှရှီချင်းက ကလေးဆန်လှတဲ့ ကျိုးကျစ်ဟန်ကို ကြည့်ကာ မနေနိုင်စွာ ရီလိုက်မိသည်၊ ခုလေးတင် အင်တာဗျူးမှာတုန်းက တစ်ယောက်နဲ့ တူတူမှ‌ဟုတ်ပါရဲ့လား?

"မင်းအရင် ပြန်သွားလိုက် ၊ ငါ တက်စီ ခေါ်ပေးမယ်"

ကျိုးကျစ်ဟန်က သူ့ဖုန်းကို ထုတ်လိုက်သည် ၊ ရှောင်လော့က ရှရှီချင်းဆီ တချက်ကြည့်ပြီး ကျိုးကျစ်ဟန်ဆီ ပြန်ကြည့်ကာ
" ရတယ်မလိုဘူး ငါ့ဘာငါပဲ ပြန်လိုက်မယ် အရှေ့ရောက်မှ တက်စီ တားစီးလိုက်မယ် "

I Only Like Your Character SettingsWhere stories live. Discover now