Chapter -12

512 90 2
                                    

<< လျို့ဝှက်သော နှင်းဆီ>>

ရှရှီချင်းက ချက်ချင်း သဘောပေါက်နားလည်သွားသည် ၊ ဒါပေမဲ့ သူမပြောလာခင် ကွန်ပျူတာ ပေ့ခ်ျကိုကြည့်နေသော ကျိုးကျစ်ဟန်က ဦးစွာ ပြောလိုက်သည်

"Four - Leaf Rose Number ပဲ"
{ Narcissistic Number}

ရှရှီချင်းက တင်ထားတဲ့ Question mark ကိုဖယ်လိုက်ပြီး ညီမျှချင်းရဲ့ တဖက်မှာ နံပါတ်တစ်ခုကိုရေးလိုက်သည် -1634

အခု သူဘယ်လိုလုပ်ခဲ့တာလဲ?

"မှန်တယ်"
သူမျက်ခုံးပင့်ပြီး ကျိုးကျစ်ဟန်ကိုကြည့်လိုက်သည်၊
" မတွက်ကြည့်ဘဲနဲ့ Four Leaf Rose Number မှန်းသိတယ်လား?"

သူက ရူပဗေဒကျောင်းသားမဟုတ်ဘူးလား? စိတ်တွက်ဂဏန်းသင်္ချာမှာလည်းတော်တယ်လား?

ကျိုးကျစ်ဟန်က ကွန်ပျူတာကိုညွှန်ပြကာ
" ပေ့ခ်ျက နှင်းဆီပန်းတွေကိုကြည့်လိုက်လေ"

ကျိုးကျစ်ဟန်နှင့်အတူ ကွန်ပျူတာအတူကြည့်ကာ တွက်ချက်မှုမကျွမ်းသော ရှန်းစစ်ယွဲ့ပင် လျို့ဝှက်ချက်ကိုရှာတွေ့သွားခဲ့သည်။

"အို့! ပန်းတွေက အကုန် copy and paste လုပ်ထားတာပဲ ၊ အကုန်အလျားတူပြီး သစ်ရွက်လေးရွက်ပဲရှိတယ် "
မကြာမီသူရဲ့လှပတဲ့မျက်နှာမှာ နားမလည်သောအမူအရာဖြင့်
" ဒါပေမဲ့ Four Leaf Rose Number က ဘာလဲ?"

ရှရှီချင်းအကြမ်းစာရွက်ပေါ်က ဖော်မြူလာကိုညွှန်ပြကာ
" ဒီမှာပြထားပြီလေ မင်းကြည့် ဂဏန်းလေးလုံး 1634 ၊ ဂဏန်းတစ်ခုစီမှာရှိတဲ့ 4ကြိမ်မြောက်ပါဝါက 1634နဲ့ညီမျှတယ် ၊ အဲ့ဒါ Four Leaf Rose Number ပဲ ၊ ဂဏန်းလေးလုံးရဲ့ သူတို့ထပ်ကိန်းပေါင်းလဒ်ပေါ့"

ရှန်းစစ်ယွဲ့က နားလည်သွားသလို ခေါင်းကိုငြိမ့်ပြလိုက်သည်၊ ဒီနံပါတ်အမျိုးအစားကိုနားလည်ပြီးသားဖြစ်နေတဲ့ ထိုသူနှစ်ယောက်ကိုကြည့်ကာ ရှန်းစစ်ယွဲ့အလိုလိုပျော်လာသည်
" ဒါဆို နောက်ဆုံး နံပါတ်နှစ်ခုကလည်း Four Leaf Rose Number ပဲမလား? အခုဖြည့်လိုက်လို့ရပြီမလား?"

ဒီကလေးကတော်တော်အကောင်းမြင်စိတ်များတာပဲ ၊ ရှရှီချင်းခေါင်းကိုက်လာသည် ၊ လက်ထဲကဘောပင်ကိုမသိလိုက်စွာလည်‌မိပြီး ဆန့်ကျင်ဖက်‌အဖြေကိုဒဲ့ပေးလိုက်သည်
"ငါမလုပ်နိုင်ဘူး"

I Only Like Your Character SettingsWhere stories live. Discover now