Chapter 2 ပေါ်သွားသောအဖြစ်အပျက်

1K 158 23
                                    

ကျန်းယင်က ရှက်စရာလို့မခံစားရ အဲ့အစား 'အို့စ် အဲ့လိုပါလား' ဆိုတဲ့ အမူအရာတစ်ခုကို အပြုံးလေးနဲ့ပေးလိုက်သည် ၊ "ကျွန်မရဲ့ ဆဠမအာရုံက အမြဲလွဲနေပါလားနော်"

ပြီးသွားတော့ စင်‌ ပေါ်မှာဦးဆောင်နေတဲ့အမျိုးသမီးသရုပ်ဆောင်က ကျိုးကျစ်ဟန်ကို မိုက်လွဲပေးလိုက်သည် ၊ ပြီးတော့ ကြေညာသူက သူ့အား ရုပ်ရှင်နဲ့ပတ်သတ်သော မေးခွန်းတွေမေးမြန်းလာခဲ့သည်၊

"စောစောက အကြိုထုတ်လွင့်မှု ဗီဒီယို‌တွေမှာ ငါတို့တွေတွေ့လိုက်ပါတယ် ကျိုးကျစ်ဟန် ဒီတခေါက် မင်းရဲ့အောင်မြင်မှုတွေကတော့ လုံးဝကို အံ့မခန်းပါပဲ စစကြည့်တော့ ကျွန်မတောင်လုံးဝ မမှတ်မိလုလောက်အောင်ပါပဲ အခုကျွန်မတို့ အားလုံးကလည်း သိချင်နေကြပြီဆိုတော့ ဒီရိုက်ကူးနေတဲ့ကာလအတောအတွင်းမှာ ဘယ်အရာတွေက မင်းကို ဘယ်လိုခံစားချက်မျိုးတွေ စိတ်ကိုရိုက်ခတ်စေခဲ့တဲ့အရာလေးတွေပြောပြပေးပါလား

ကျိုးကျစ်ဟန်က မိုက်ကိုကိုင်လိုက်ပြီး ခဏစဉ်းစားကာ ပြန်ပြောလာသည်

" ခံစားရတဲ့အပိုင်းကိုပြောရမယ်ဆိုရင်တော့ နှစ်ဝက်လောက်ထိကို ကျွန်တော် ငါးတွေပုဇွန်တွေကို မြင်တောင်မမြင်ချင်ခဲ့ပါဘူး "

ပရိသတ်အားလုံး ရီမောကြသည်၊ ဒီလို အတည်နောက်တဲ့ ဟာသကလည်း သူနဲ့ မထင်မှတ်စွာ လိုက်ဖက်နေပြန်ပါရော

" စိတ်ကိုရိုက်ခတ်စေခဲ့တဲ့ အရာကတော့.... တကယ်တော့ ရိုက်ကူးနေတဲ့အတောအတွင်းမှာ အမြဲစိတ်ကိုလှုပ်ရှားစေခဲ့ပါတယ် အမှန်တိုင်းပြောရရင် ဒီဇာတ်ရုပ်မျိုးက ပထမဆုံးရိုက်ဖြစ်ဖူးတာပါ ၊ ဒါရိုက်တာဝမ်ရဲ့စိတ်စွဲလမ်းကြီးတဲ့ရောဂါကြောင့် စတူဒီယိုမှာရိုက်ရတာထက် တကယ်အပြင်သင်္ဘာ‌ေပါ်မှာရိုက်ရတာက ပိုများပါတယ် သ‌င်္ဘာပေါ်မှာ ရိုက်ထားတာ‌ေတွက ၈၀ ရာခိုင်နှုန်းနီးပါးပါ ၊ ပထမတော့ ကျွန်တော် ပင်လယ်အရမ်းမူးတတ်တာကြောင့် တော်တော်ကြာကြာ ဇာတ်ရုပ်ထဲကိုဝင်လို့မရနေဘူး ၊ အဖွဲ့သားအားလုံးကလည်း အရမ်းပင်ပန်းပြီး အရမ်းးစိတ်ဓာတ်ကျခဲ့ရတာပေါ့
ကမ္ဘာပေါ်မှာ ရှိနေတဲ့ လူ့အခွင့်အရေးရိုက်ချိုးခံရပြီး ကျွန်အဖြစ်နဲ့ရှိနေရတဲ့သူတွေရဲ့တည်ရှိမှုကို စဉ်းစားမိလိုက်တော့ ကျွန်တော်အရမ်းကို......." ကျိုးကျစ်ဟန် စကားလုံးကိုစဉ်းစားပြီးမှ " နာကျင်ခဲ့မိတယ် ဟုတ် ဒီလိုစိတ်မျိုးလေးတွေက ကျွန်တော့်ကိုတွန်းအားဖြစ်ပေးတာကြောင့် အားခဲပြီး ပြီးဆုံးအောင်ရိုက်ကူးနိုင်ခဲ့တာပါ ၊ သရုပ်ဆောင်တွေကော ဝန်ထမ်းတွေ‌ကော အားလုံး ဒီလိုပဲတွေးကြမှာလို့ ထင်ပါတယ်"

I Only Like Your Character SettingsWhere stories live. Discover now