Chapter -30

553 80 5
                                    

                           { ကြယ်လေးမှိန်မှိန်}

စတူဒီယို ထဲမှ သူတို့နှစ်ယောက်အား ဘေးတွင်ရပ်ကာ ကြည့်နေသော ဒါရိုက်တာက
" ငါစိတ်ထဲမှာ သူတို့နှစ်ယောက် ဒီဒုတိယမြောက်မဂ္ဂဇင်းကာဗာ ဗားရှင်းကို ရိုက်ဖူးပြီးသားလို ခံစားနေရတာပါလိမ့် ထိလည်းထိမိတယ် အနေအထားလည်းမှန်တယ်"

ဘာလို့ဆို ဒီဗားရှင်းကမှ သူတို့နှစ်ယောက်ရဲ့ တကယ်အဖြစ်မှန်အခြေအနေမို့ပဲဖြစ်၏ ၊ မူရင်းဖလင်ကို ပြန်ကြည့်နေသော လင်းမိုက ဘာမှမပြောပဲ ပြုံးသာပြုံးလိုက်သည် ၊ ခုံတွင်ထိုင်ကာ ခေါင်းလေးပင့်ပြီး မိတ်ကပ်အပြင်ခံနေသော ရှရှီချင်းဆီ တချက်ကြည့်လိုက်သည် ၊ သူ့၏ လည်တိုင်လိုင်းကြောင်းလေးတလျှောက်က အလွန်ထည်ဝါပြီး လှပလျက်သာ။

သူမျက်လုံးအကြည့်ကို အောက်ချလိုက်ရာ မထင်မှတ်ပဲ ကျိုးကျစ်ဟန်နှင့် အကြည့်ချင်းဆုံသွားသည်။

ဤကလေး၏ မျက်လုံးထဲမှ အာဏာပြနေမှုက အလွန်သိသာပါသည်။

လင်းမိုက ကျိုးကျစ်ဟန်အား ပခုံးသာတွန့်ပြလိုက်သည်။

"အဆင်သင့်ခါနီးပြီ"

ထိုအချိန် မီးအလင်းအဖွဲ့မှ တာဝန်ရှိတဦးက ဒါရိုက်တာဘေးသို့ လျှောက်လာခဲ့သည်
" ဒါရိုက်တာကျန်း သူတို့မီးအားစစ်ကြည့်လိုက်တာ ပြသာနာနည်းနည်းတွေ့လို့ အဲ့တာသူတို့‌စစ်ကြည့်ဖိူ့လုပ်ရလောက်အုံးမယ်ဗျ"

ဒါရိုက်တာက လင်းမိုကိုမေးလိုက်ရာ လင်းမိုက ခေါင်းငြိမ့်ပြပြီး
"ရပါတယ် ဒီဖက်က ဒီလိုဖြစ်သွားပြီဆိုမှတော့ သူတို့ကို အင်တာဗျူးအရင်သွားခိုင်းလိုက်တော့ပေါ့"

သူတို့နှစ်ယောက်လည်း နားချိန်ပင်မရှိ ၊ မိတ်ကပ်ပြင်ပြီးတာနဲ့ အင်တာဗျူးစရတော့သည် ၊ စီစဉ်ထားသော အင်တာဗျူးမေးမြန်းသူကလည်း အကြာကြီးစောင့်နေရပြီးပြီမို့ သူတို့ထိုင်တာနဲ့ အင်တာဗျူးတရားဝင်စလာခဲ့တော့သည် ။

အစပိုင်းမှာတော့ ရိုးရိုးရှင်းရှင်းမေးခွန်းများသာမေး၏ ၊ ရှရှီချင်းက ကင်မရာမကြောက်သူမို့ လာသမျှ မေးခွန်းတွေကို ကောင်းမွန်စွာ တတ်ပြီး ရင်းနှီပြီးသားသူတယောက်လို ဟန်ဆောင်နိုင်ပါ၏ ၊ တဖက်မှာမူ ကျိုးကျစ်ဟန်ကတော့ အပြောအဆိုသိပ်မရှိ သူ့အဖြေတွေက သုံးခွန်းထက်ပိုတာ ရှားသည်။

I Only Like Your Character SettingsWhere stories live. Discover now