Chapter - 38

641 60 4
                                    

{ ထူးခြားဆန်းကြယ် ဒိုင်ယာရီ }

" လိပ်ပြာစာအုပ်ကတ်တွေအပြင် တခြားဘာရှိသေးလဲ ?"
တဖက်မှ ကျိုးကျစ်ဟန်အသံကပေါ်လာကာ
" နံပါတ်စဉ်‌ကြောင်းထဲမှာ သိတဲ့ဂဏန်းက သုံးလုံးပဲရှိတာ ပေါင်းလဒ်က မမှန်လောက်ဘူး"

မှန်၏ ၊ ရှရှီချင်း လှည့်ပတ်ကြည့်လိုက်ရာစာအုပ်တွေရဲ့ အနောက်မှာ ချစ်ဖွယ်ကောင်းပြီးလှပတဲ့ ခရုခွံလေး ကိုတွေ့လိုက်ရသည်၊ စားပွဲရဲ့အပေါ်နံရံပေါ်တွင် နေကြာပင်ကိုအနီးကပ်ရိုက်ယူထားသောဓာတ်ပုံတစ်ပုံနှင့် နောက်တစ်ပုံမှာ ရှရှီချင်းရင်းနှီးမှုရှိတဲ့ Da Vinci ရဲ့ နာမည်ကြီးပန်းချီကား Vitruvian Man ပုံတို့ရှိသည်။

ထိုမလိုက်ဖက်သော အရာတို့က ရှရှီချင်းရဲ့ အာရုံကို ဖမ်းစားသွားလေသည် ၊ နံရံကို ပေါက်ထွက်မတတ်စိုက်ကြည့်နေတဲ့အချိန် ရုတ်တရက် ကျိုးကျစ်ဟန်၏အသံကို ကြားလိုက်ရသည်။

"ဘာလို့တိတ်ဆိတ်နေတာလဲ ? ခင်ဗျားဘာလုပ်နေတာလဲ?"

" ယောင်္ကျားကိုယ်လုံးတီးပုံကိုကြည့်နေတာ"

ရှရှီချင်းက နံရံကို ဆက်ကာစိုက်ကြည့်နေရင်း သူ့မေးခွန်းကို ဝိညာဉ်မဲ့စွာ ဖြေလိုက်မ်ိသည်၊ ကျိုးကျစ်ဟန်သည် တံတွေးသီးသွားပုံပေါက်ပြီး အဆက်မပြတ် ချောင်းဆိုးလာတော့သည်၊ တအောင့်ကြာတော့ သူထပ်ပြီး စကားဆိုလာသည်၊
"အို့ ကျွန်တော် ..ကျွန်တော့်ဖက်ကနံရံမှာလည်း တစ်ပုံရှိတယ်"

ရှရှီချင်းအံ့သြသွားပြီး ကျိုးကျစ်ဟန်နှင့် ကိုက်ညီကြည့်ဖို့ကြိုးစားလိုက်သည်၊
"ခြေနှစ်ချောင်းကို ပြိုင်တူရပ်နေပြီး လိမ်ကောက်ကောက်ဆံပင်နဲ့ သူ့လက်ခြေတွေက စတုရန်ပုံလေးထောင့်ကွက်တစ်ခုအတွင်းမှာရှိတယ် သူ့ခြေထောက်တွေက ခွဲထားပြီး လက်မောင်းတွေက စက်ဝိုင်းတစ်ခုထဲမှာ ဆန့်တန်းထားတယ် အဲ့ဒီပုံလား? "

ရှရှီချင်းအံ့သြသွားပြီး ကျိုးကျစ်ဟန်နှင့် ကိုက်ညီကြည့်ဖို့ကြိုးစားလိုက်သည်၊"ခြေနှစ်ချောင်းကို ပြိုင်တူရပ်နေပြီး လိမ်ကောက်ကောက်ဆံပင်နဲ့ သူ့လက်ခြေတွေက စတုရန်ပုံလေးထောင့်ကွက်တစ်ခုအတွင်းမှာရှိတယ် သူ့ခြေထောက်တွေက ခွဲထားပြီး လက်မောင်းတွေက စက်ဝိုင်းတစ်ခု...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
You've reached the end of published parts.

⏰ Last updated: Jan 26 ⏰

Add this story to your Library to get notified about new parts!

I Only Like Your Character SettingsWhere stories live. Discover now