Chapter - 35

561 74 4
                                    

                       {ဖူကျီတောင်အောက်}

          နောက်ဆုံးရောက်လာတဲ့သူက ယွမ်ရှောက်ဖြစ်သည်။Classicဆန်သော ဘလူးဘယ်ရီထရက်ကုတ်ကို ဝတ်ဆင်ကာ သူမရဲ့ ဆံပင်ရှည်ကို မြင့်မြင့်စည်းနှောင်ထားသည်။ ပထမဆုံးအကြိမ်တွေ့တုန်းကထက်စာရင် သူမသည် ပို၍ ခေတ်ဆန်လာကာ အခုထိအပြုံးချိုချိုလေးကတော့ လှနေဆဲပင်။

"ဒုတိယအပိုင်းက ဒီနေ့ထုတ်လွှင့်မှာနော်"
ယွမ်ရှောက်ကလျှောက်လှမ်းလာရင်း ရှန်းစစ်ယွဲ့ဆီသို့ အပြုံးနဲ့ ပြောလိုက်သည်။
"အချိန်ကျလာရင် မင်းကတော့ထက်ပြီး ရှာဖွေမှုစာရင်းထိပ်ကို ရောက်အုံးမှာပါပဲ ခေါင်းစဥ်လေးကိုတောင် ငါတွေးမိနေပြီ [ရှန်းစစ်ယွဲ့ရဲ့ ထိပ်တန်းသရုပ်ဆောင်စကေးများ]"

"[ဝက်ယောင်ဆောင်ရာက ကျားစားခံလိုက်ရသော ရှန်းစစ်ယွဲ့ ]မဟုတ်ဘူးလား?"
ရှရှီချင်းကပါ ဝင်ရောပြီး ရှန်းစစ်ယွဲ့အား စနောက်လေသည်။

ရှန်းစစ်ယွဲ့က နှုတ်ခမ်းလေးဆူကာ ရှရှီချင်းဖက်သို့ ကိုယ်ကို ယိမ်းကာ တွန်းတိုက်လိုက်သည်။
"ဘယ်သူက ကျားလဲ မင်းလား ကျစ်ဟန်လား"

ပြန်ဖြေရန်စိတ်မပါသလို ပြုမှုနေသော ခေါင်းငုံပြီး ဖုန်းကြည့်နေသော ကျိုးကျစ်ဟန်ကို ရှရှီချင်းတစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး
"ငါက ထိပ်ဆုံးသေတဲ့သူလေ သေချာပေါက်ငါမဟုတ်ဘူးပေါ့"

"ဒီညတော့ မင်းပထမဆုံးသေရမှာဖြစ်နိုင်တယ်"
ရှန်းစစ်ယွဲ့က ယွမ်ရှောက်ကို အပြုံးနဲ့ စနောက်လိုက်သည်။

ယွမ်ရှောက်ကရီလိုက်ပြီး
"စိတ်ထင်ရာ အလံမစိုက်စမ်းပါနဲ့"

"ဒီနေ့ကျစ်ဟန်က စကားသိပ်မပြောဘူးပဲ"
ရှန်းစစ်ယွဲ့က တမင်စကားလမ်းကြောင်းပြောင်းလိုက်ပြီး
"သူခိုးလုပ်ရလို့ အပြစ်ရှိကြောင့်မို့ ဖြစ်နိုင်တယ် သူက တကယ် သတ်ဖြတ်သူအစစ်ပဲ"

"သူက ဘယ်တုန်းကကော စကားပြောရတာကြိုက်ခဲ့လို့လဲ "
ယွမ်ရှောက်က မထင်မှတ်ပဲ ဓားတစ်ချောင်းပေါင်းထည့်စိုက်လိုက်သည်။

ရီစရာအလုပ်ခံနေရတော့ ကျိုးကျစ်ဟန်ခေါင်းထောင်လာပြီး ရှန်းစစ်ယွဲ့အား မျက်လုံးစူးစူးဖြင့်ကြည့်ကာ ပေါ့ပါးစွာပြောလိုက်သည်။
"အိုခေ ဒီညငါ မင်းကို ပထမဆုံးသတ်ပေးမှာ"

I Only Like Your Character SettingsWhere stories live. Discover now