" အဲ့နေ့ကကျွန်တော်တွေ့ခဲ့တယ်အဖေရဲ့!!! အဲ့ထဲမှာပိတ်မိနေတဲ့ကလေးတွေကို.... "

" တော်တော့ချန်းမင်းထိုက်!!! "

ဦးစစ်ချန်းက ဒေါသကြီးစွာအော်ဟောက်လိုက်တော့ ချန်းကလက်သီးဆုပ်ကာမြိုသိပ်လိုက်သည်။ ဂုဏ်တွေရာထူးတွေကြားပျော်မွေ့နေတဲ့အဖေအား စိတ်ပျက်မိသော်လည်း ဦးစစ်ရဲ့အမိန့်ပေးစကားတွေအား ချန်းမလွန်ဆန်ရဲပေ။

" သောကြာနေ့ မနက်ခုနှစ်နာရီရောက်အောင်လာခဲ့ "

" သတင်းသမားတွေရှေ့မှာ ကျွန်တော့်ကိုမသိသလိုပဲနေပေးပါ "

အခန်းထဲမှပြန်ထွက်တော့မည့် ဦးစစ်ချန်းအား ထိုစကားအားတောင်းဆိုလိုက်တော့ ချန်းအားပြုံးပြလာသည်။

" အဖေလို့ပြန်သတ်မှတ်တဲ့နေ့ကျရင်အိမ်ပြန်လာခဲ့ပါ အရမ်းမဆိုးနဲ့တော့သားငယ် "

×××××××××××

" ဒီအနံ့မဟုတ်ဘူး "

လွန်ခဲ့သောနှစ်ရက်ခန့်က ရှိုင်းနှင့်အတူကလပ်ထဲမှ၀ယ်ခဲ့သော
ဆေးပြားတွေကို ခွန်းကအနံ့ခံရင်းစိတ်ပျက်စွာပြောလိုက်၏။ ကာဗီပန်းနှင့်အနံ့ချင်းတူသော်လည်း ထိုအရာကလူသတ်သမားသုံးခဲ့သောအနံ့နှင့် အနည်းငယ်ကွဲပြားသည်။

ဒီရက်ပိုင်းအတွင်း ခွန်းသန့်အနည်းငယ်ပျင်းနေမိ၏။ ရှိုင်းနယ်ကိုပြန်သွားတာ နှစ်ရက်ပဲရှိသေးသော်လည်း ထိုလူအားသူအနည်းငယ်သတိရမိသည်။ Instagramထဲ၀င်ကြည့်သော်လည်း ရှိုင်းကမည်သည့်ပုံမှအသစ်တင်ထားခြင်းမရှိပေ။

" ဘယ်လိုလူမှန်းမသိဘူး Instagramကောသုံးတတ်ရဲ့လား "

ရှိုင်းကပုံအသစ်မတင်သော်လည်း လိုင်းပေါ်မှာတော့ရှိသည်။
မီးစိမ်းနေသည်မို့ သူစကားသွားပြောချင်မိ၏။ သို့ပေမယ့် သူ့ဘက်ကစကားစပြောလျှင် မာနထိခိုက်သည်။ ခွန်းသန့်ရှိန်၀ါက ဘယ်သောအခါမှသူတစ်ပါးအားစကားစပြောတတ်တဲ့အကျင့်မရှိ။

" ဟိတ်လူ "

စိတ်ထဲတော့ဆုံးဖြတ်ချက်ခိုင်မာနေသော်လည်း ထိန်းချုပ်မရတဲ့လက်တွေက တစ်ဖက်သို့messageပို့လိုက်ပြီဖြစ်သည်။

Twenty Six RevengeWhere stories live. Discover now