၄၉၂။ "ဆက်တိုက်ရိုက်ချက်၊ တတိယပုံစံ-၃"

Zacznij od początku
                                    

သူတို့အားလုံးက ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးကို အာရုံစိုက်ထားကြသည်။

သူတို့က အလင်းလုံးများကို ပစ်လွှတ်ကြသည်။ ထိုတိုက်ပွဲကွင်းပြင်က အဆက်မပြတ် ပေါက်ကွဲသွားသည်။ လေထုထဲတွင် ၎င်းပေါက်ကွဲသံများက ပဲ့တင်ထပ်သွားလေ၏။

ဧရာမကြီးမားလွန်းသော ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးက ရုတ်တရက် ပိတ်ဆို့ခံလိုက်ရပြီး ပူးပေါင်းတိုက်ခိုက်မှုကို ခံလိုက်ရသည်။ သူက နောက်ထပ် ကမ္ဘာမြေ ကွဲအက်မတတ် မာန်ဖီလိုက်သည်။

ယဲ့ရှက တိုက်ပွဲကွင်းပြင်သို့ ခုန်ဝင်သည်။ သူက လိပ်ပြာသားရဲကြီး၏ မျက်လုံးများကို ပစ်မှတ်ထား၍ ရောင်ခြည်တန်းတစ်ချို့ကို ပစ်လွှတ်သည်။ ၎င်းရောင်ခြည်တန်းက လိပ်ပြာသားရဲကြီးအပေါ်မှာ ဆက်တိုက် ပေါက်ကွဲသွားသည်။

ဂျန်ဝုရှီနှင့် အနက်ရောင်သားရဲကြီးက ကွေ့ဝိုက်ရှောင်ရှား၍, လိပ်ပြာသားရဲကြီး၏ ခြေထောက်များအောက်တွင် တွန့်လိမ်လှုပ်ရှားသည်။ အနက်ရောင်သားရဲကြီးက သူ၏ အလင်းလို လျင်မြန်နှုန်းကို ကောင်းကောင်း အသုံးချ၍ လိပ်ပြာသားရဲကြီး၏ ခြေလှမ်းများကို တုံ့နှေးသွားအောင် လုပ်သည်။

မရေတွက်နိုင်သော ငရဲလိပ်ပြာများက လိပ်ပြာသားရဲကြီးကို ပတ်ပျံ၍ အတော်ပံကို မရပ်မနား ခတ်လေ၏။ ငရဲလိပ်ပြာ တောင်ပံများမှ ကျဆင်းလာသော ဝတ်မှုံများက လိပ်ပြာသားရဲကြီးကို ထုံထိုင်းသွားစေသည်။ ရိုလီနှင့် လူဝံကြီးက လိပ်ပြာသားရဲကြီးထံ ရှေ့ပိုင်းမှ ပြေးဝင်သည်။ သူတို့၏ အင်အားက ကြီးမားလှသည်။ သူတို့က နားကွဲလုမတတ် ဟိန်း၍ သူတို့၏ တုတ်ခိုင်သန်မာသော လက်များ ခြေများဖြင့် လိပ်ပြာသားရဲကြီး၏ ရှေ့ပိုင်း ခြေများကို တွန်းထုတ်ကြသည်။ လိပ်ပြာသားရဲကြီးကို တစ်လှမ်းမျှ ရှေ့သို့ တက်လှမ်းခွင့် မပေးကြပေ။

ခေါင်းနှစ်လုံးမြွေက လျှောဝင်၍ သူ၏ သန်မာတောင့်တင်းသော အရိုးခန္ဓာကိုယ်ဖြင့် လိပ်ပြာသားရဲကြီး၏ စွမ်းအားပြည့်သော အမြီးကိုးချောင်းကို ရစ်ပတ်ထားလိုက်သည်။

ကျောက်ချူ, ဟွာယောင်း, ဖေးယန်နှင့် ရောင်းရူတို့က သူတို့၏ ဝိညာဉ်စွမ်းအင်လုံးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ကြသည်။ လိပ်ပြာသားရဲကြီးအား အဆက်မပြတ် ပစ်လွှတ်သော အလင်းလုံးများ၏ ပေါက်ကွဲမှုကြောင့် တိုက်ပွဲ ပတ်ပတ်လည်ရှိ ကျောက်တုံးများ သစ်ပင်များ ပေါက်ကွဲ ပျက်စီးကုန်သည်။

ခရမ်းရောင် ဝိညာဉ်စွမ်းအင်လုံးများက လိပ်ပြာသားရဲကြီး အပေါ် ဆက်တိုက် ကျရောက်နေသဖြင့် တိုက်ပွဲကွင်းပြင်က ခရမ်းရောင်ဝိညာဉ် စွမ်းအင်အလင်းတို့ဖြင့် တလက်လက် တောက်ပေနေလေ၏။

ဂျန်ဝုရှီတို့အဖွဲ့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် လိပ်ပြာသားရဲကြီးက စိတ်ဓာတ်ကျသွားပြီး သူ့နေရာမှာပင် ရပ်တန့်သွားသည်။

လောင်ချီနှင့် သူ့လူများက သူတို့ရှေ့ရှိ မြင်ကွင်းကို စူးစိုက် ကြည့်နေရင်း အသက်ရှူဖို့ရာပင် မေ့နေကာ ထရပ်လိုက်ကြသည်။ သူတို့မှာ ပြောစရာစကား ပျောက်ရှသွားကြသည်။

ဗိုလ်ချုပ်လောင်, သူတို့က ဘယ်သူတွေလဲ၊ ဘာလို့ သူတို့က သခင်မလေးကို ကူညီပြီး လိပ်ပြာသားရဲကြီးကို တိုက်ပေးရတာလဲ ရူလင်းစစ်သားအားလုံးက အံ့အားတသင့် ဖြစ်နေကြ၏။ သူတို့က စွမ်းအားကြီးမား၍ ကြောက်စရာကောင်းသော ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးနှင့် ပထမဆုံးအနေဖြင့် ရင်ဆိုင်မိကြခြင်း ဖြစ်သည်။ ဒီမြင်ကွင်းကို သူတို့ ကိုယ်တိုင် မမြင်ရလျှင် သူတို့ ယုံကြည်နိုင်ကြမည် မဟုတ်ပေ။

၁၆နှစ်, ၁၇နှစ်အရွယ် ခရမ်းရောင်အဆင့် ဝိညာဉ်စွမ်းအားရှင်တွေလား။

လက်စွပ်ဝိညာဉ်များက စွမ်းအားကောင်းလွန်းသဖြင့် သူတို့၏ အဆင့်ကို သူတို့ မပြောနိုင်ကြချေ။

ထို့ပြင် စွမ်းအားကောင်းသော လိပ်ပြာသားရဲကို သူတို့ အသာစီးယူနိုင်ကြသလော။

အရာရာတိုင်းက အိပ်မက်တစ်ခုလို ဖြစ်နေ၏။ သူတို့အားလုံး ပုံရိပ်ယောင်နယ်မြေထဲ စမ်းတဝါးဝါး လမ်းလျှောက်နေရသလို ခံစားကြရသည်။

လောင်ချီ၏ နှလုံးခုန်သံက စည်တီးသံလို တဒိန်းဒိန်း ဖြစ်နေသည်။ သူ့အသက်ရှူသံက မြန်ဆန်နေလေ၏။ ထို့နောက် သူက ဂျန်ဝုရှီ သူ့အား ပစ်ပေးထားသော ဆေးလုံးပုလင်းဆယ်ပုလင်းကို အလျင်အမြန် ကောက်ယူ၍ မြန်မြန်ဆန်ဆန် လှုပ်ရှားကာ သူ့လူများအား သတိကပ်စေလိုက်သည်။

အခု မင်းတို့ ကိုယ့်ကိုယ်ကို ဆေးအရင်ကု၊ ငါတို့ သခင်မလေးက လောလောဆယ် သူ့အသက်ကို စွန့်စားပြီး ငါတို့ကို ကယ်ဆယ်ထားတာ၊ ငါတို့ ဘာမလုပ်ဘဲ ဒီအတိုင်း ကြန့်ကြာနေလို့ အကျိုးမရှိဘူး။ လောင်ချီက သူ့လူများအား တိုတိုတုတ်တုတ် ပြောသည်။

တစ်ဖက်တွင် ပူးကပ်နေသော ရောင်းဟန်တို့ သုံးယောက်က သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် ကြောက်လန့်တကြားဖြင့် အချင်းချင်း တင်းကျပ်စွာ ကိုင်ထားကြသည်။ လောင်ချီ၏ အော်သံကြောင့် သူတို့က တုန်လှုပ်ချောက်ချားရာမှ ပြန်လည် နိုးထ၍ ရူလင်း စစ်သားများအား ဆေးကုသပေးဖို့ ကူညီလာကြသည်။

ပါရမီရှင်သမားတော်(၂)Opowieści tętniące życiem. Odkryj je teraz