ကျစ်ချွင်မှာ ပို၍ပင် လေးလေးနက်နက် ဖြစ်လာခဲ့သည်။ ကူကျန့်က သူမတို့ရဲ့ ဘိုးဘေးတစ်ယောက်ဖြစ်ပြီး ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့သော် လီကွမ်ရီက သူနဲ့ အဖက်မတန်သလို ပြောနေပေသည်။ ဒီနေရာမှာ အခြားတစ်ယောက်သာ ရှိပါက လီကွမ်ရီကို ဝံ့ကြွားလွန်းသည်ဟု ထင်မိမည်မှာ သေချာပေသည်။ သို့သော် ကျစ်ချွင်ရဲ့ စိတ်ထဲမှာတော့ လီကွမ်ရီက ထိုသို့ ပြောရန် အရည်အချင်းရှိမှန်း သိရှိနေမိသည်။

" ကောင်းပြီ၊ မိန်းကလေး၊ မင်းမှာ မေးစရာမေးခွန်းတွေများနေမယ်ဆိုတာ ငါသိတယ်၊ ဒါပေမယ့် ငါဖြေနိုင်မှာမဟုတ်ဘူး "
လီကွမ်ရီက ကျစ်ချွင်ကို ဆက်ပြောသည်။
" ငါမင်းကို ပြောပြနိုင်တာ တစ်ခုရှ်ိတယ်၊ မင်းတို့ ကောင်းကင်ဘုံ ကိုယ်ရန်တော်မြို့မှာ အရင်းအမြစ်တွေ များပြားတဲ့ ဘဏ္ဍာတိုက်တစ်ခု ရှိတယ်၊ အဲ့တာကို မင်းတို့ဂိုဏ်းထဲမှာတောင် သိတဲ့သူ အရမ်းရှားတယ် "

" ဘဏ္ဍာတိုက်လား....."
ကျစ်ချွင်မှာ လီကွမ်ရီရဲ့ စကားကြောင့် တုန်လှုပ်သွားရသည်။ သူမက ထိုဘဏ္ဍာတိုက်အကြောင်းကို ဘိုးဘေးတွေ စကားပြောရင် တစ်စွန်းတစ်စ ကြားသိခဲ့ဖူးသည်။ သို့သော် တိတိကျကျ မသိခဲ့ပေ။ ဒါပေမယ့် အပြင်လူတစ်ယောက်ဖြစ်တဲ့ လီကွမ်ရီက သူမတို့ဂိုဏ်းအတွင်းမှ လျှို့ဝှက်ချက်အားလုံးကို သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းတစ်ခုအလား ပြောပြနေနိုင်သည်။

" ဘဏ္ဍာတိုက်နဲ့ ပတ်သက်ပြီး မင်းက သေသေချာချာ မသိထားသေးဘူးထင်တယ်၊ ဒါက မင်းတို့ ကိုယ်ရန်တော် မြို့ကတော့ မဟုတ်ဘူး၊ ဒါပေမယ် ကူကျန့်က အဲ့ဒါကို အရင်ထဲက လိုချင်နေခဲ့တယ် "
လီကွမ်ရီက ကျစ်ချွင်ကို ပြုံး၍ ပြောသည်။

ကျစ်ချွင်က စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ပြန်မေးသည်။
" အဲ့ဒါက ဘယ်လို ဘဏ္ဍာတိုက်မျိုးလည်း "

လီကွမ်ရီက ကျစ်ချွင်ကို ပြုံး၍ ကြည့်သည်။ ပြီးနောက် တိုးညှင်းစွာ ပြန်ပြောသည်။
" အင်မော်တယ်ဧကရာဇ်တွေတောင် အဲ့ဒါကို ရူးမတတ်ရချင်ကြလိမ့်မယ်၊ ဘဏ္ဍာတိုက်ထဲမှာ သူတို့လက်လှမ်းမမီတဲ့ အရာတွေ အများကြီး ရှိနေတယ် "

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Wo Geschichten leben. Entdecke jetzt