အပိုင်း(4)🌾🌴Zawgyi

Start from the beginning
                                    

သူဖုန်းကလဲ အားကကုန် ပါဝါဘန့်ကလဲ မေ့ခဲ့သည့်မို့ မင်းသန့်ကို ဆက်သွယ်လို့ကမရ။  ဗိုက်ကလဲဆာ သူတော်တော် တိုင်ပတ်သွားရသည်။

အခု ဒီလူဂွစာအစ်ကို ကူညီလို့တော်သေး သည်။ ဒီလိုဆိုတော့လဲ
မင်းသန့် တို့ရွာက လူတွေက စိတ်ကောင်းတော့ရှိသားပဲ ။

သဏ္ဍန် ထိုလူပြောတဲ့ တိုင်း​လျောက်လာတာ လည်ပင်လည် နေချေပြီ ။ ခုထိ ရွာအဝင်လမ်းမအားမတွေ့သေး ဟော ဟိုမှာတွေ့ပြီ နတ်စင် ညာချိုး တည့်တည့်သွား ပွဲခင်းက ရွာအပြင်လယ်ကွင်းဆီမို့ လှမ်းတော့တွေ့နေရသည်။

ဟိုလူမှာတဲ့အတိုင်း ပွဲခင်း နားမသွားပဲ ဘယ်ပြန်ကွေ့ ခဲ့ရာ ဟင် ဒီလမ်းက ခဏက ငါလျှောက်ခဲ့တဲ့ လမ်း မဟုတ်လား ဟင် ဟိုမှာ မဲဇလီတန်း ဟာ ဒီလူ တော်တော် ညစ်ပတ်တာပဲ ။

"ဒီမှာ ခင်များ ဘယ်လိုလုပ်လိုက်တာလဲ "

"ဘာလုပ်လို့လဲဟ "

"ခင်များ !!ခင်များ သတ်သတ်မဲ့လမ်းအမှားကြီး ညွှန်းလိုက်တာမလား"

"လမ်းအမှန်ပါလို့ ပြောလိုက်မိလို့လား "

"ခင်များ သတ်သတ်မဲ့ ညစ်ပတ်တာပဲဗျ "

"နေတိုင်း ရေချိုးပါတယ် မွှေးကြည့်မလား "

"ဘာဗျ ခင်များဗျာ!! လူပုံက ရိုးပုံရိုးပါ့ပေ့နဲ့ စိတ်ဓာတ်က"

"ဟေ့ဟေ့ ဒီမှာ မင်းငါ့ကို ဘာမှလာဝေဖန်စရာ မလိုဘူး။ ငါဟာငါဘာဖြစ်ဖြစ် လာဝေဖန်နေရအောင် မင်းကငါလင်လား ငါ့ရည်းစားလား ငါ့အမေလား "

"ခင်များ ယောကျာ်း ဖြစ်ပြီး
စွာလှချည်းလာဗျ"

"အဲ့တော့ မကျေနပ်ဘူးလား ထိုးမလား "

"ဘာ ဘာစကားပြောတာလဲ
ဘာလို့ထိုးရမှာလဲရုပ်လေးနဲ့မှ မလိုက် လူမိုက်လိုလိုနဲ့ "

"မင်း ဝေဖန်စရာမလိုဘူးလို့ ပြောတာ နှစ်ခါရှိပြီးနော် သုံးခါဆို ဆက်ထုံးတို့ လက်ပါလာတော့မယ် "

"ဟမ် ဘာတဲ့ ထုံး ဘာထုံး ကွမ်းယာထဲ ထည့်စားတဲ့ ထုံးလား "

"ဘာကွ! !!မင်းကများ "

"ခင်များ ကိုယ့်ရွာကို လာလည်တဲ့
ဧည့်သည့်ကို လက်ပါ မလို့လား "

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now