အပိုင်း(2)🌾🌴Zawgyi

Start from the beginning
                                    

ဒေါ်လှတင် ကြီးမဲ့ရွဲ့ကာ သွားမည်အပြု

"အော်...ဒါနဲ့ကျုပ်တောင်ပိုင်းက ကြားလာတာ ဒေါ်ခင်ဝင်း က ဒေါ်လှတင်ကြီးကိုကပ်စေးနှဲ ပြီးအကြွားသန်တယ်၊ အခွံပဲရှိတာ အဆံမရှိဘူးဆိုပြီး သွားပုတ်လေ လွှင့်လျှောက်ပြောနေတာ ကြားခဲ့တယ်ဗျ။  ကျုပ်ပြောတယ် ပြန်မပြောနဲ့နော် ကျုပ်ကဒေါ်ကြီးဘက် ကမခံနိုင်လို့ပြောပြတာ "

ဒေါ်လှတင် အကြီးကျယ်စိတ်ဆိုးသွားရှာသည်။

"ဒီကောင်မက ကျုပ်အဲ့လိုပြောတယ်ပေါ့ဟုတ်လား။ ထည့်လိုက် ဆက်ထုံးငါးထောင် လှူမယ် အော်ပေးမင်းလော်နဲ့ ဒင်းကြားအောင်"

"ကဲ ရွာမြောက်ပိုင်းက သူကြီးကတော် ကျောင်းအမ အလှူအမ ရဟန်းအမ ကြီးက အလှူတော်ငွေကျပ် ငါးထောင် တိတိကို စေတနာထက်သန်စွာဖြင့် လှူဒါန်းပါတယ်
ခင္မ်!! "

"ဒူ!!!"

ဖိုးထောင်က ဆက်ထုံး အော်အပြီးမောင်းကိုအမိအရတီးရသည်။
ထိုစဉ် ဒေါ်ခင်ဝင်း ရောက်လာပြီး ဒေါ်လှတင် အား မဲ့ရွဲ့၍ ကြည့်ကာ ဆက်ထုံးကိုလှမ်းပြောပြန်သည်။

"ဟဲ့ !!ဆက်ထုံး "

"ခင်မျာ"

"တို့က ဘယ်နေရာမှ လက်မတွန့်တာ သိတယ်နော် ထည့် ရော့တစ်သောင်း "

"ဝိသာခါ ကျောင်းအစ်မကြီးလို အဆင်းရှိတဲ့ တောင်ပိုင်းက ဒေါ်ခင်ဝင်းကြီးက အလှူတော်ငွေ တစ်သောင်းတိတိကို ရက်ရောစွာ လှူဒါန်းလိုက်ပါသဖြင့်သာဓုအနုမောသဒ္ဓါ ခေါ်ဆိုနိုင်ပါကြောင်း"

"ဒူ!!!"

ဆက်ထုံး ကရှေ့က တစ်ခါအော် ဖိုးထောင်က မောင်းတစ်ခါထုနဲ့ အတော်လေး အဆင်ပြေနေကြသည်။

"အို ငွေမ​​မြင်ဖူးတဲ့သူတွေများ
ငွေရေးကြေးရေး သိပ်စကားပြောတာပဲ လှတင်တို့က မွေးကတည်းက ရွှေလင်ပန်းနဲ့အခြင်းဆေးပြီး မွေးလာတာအေ့
ဟဲ့!!!ဆက်ထုံး ထည့် တစ်သောင်းခွဲ"

"ဟောဒီက အလှူ့မ မမ!!"

ဆက်ထုံး ပင် စကားမဆုံးသေး

"အမလေး ရွာဘုရားပွဲဈေးတန်မှာရောင်းတဲ့ ရွှေလင်ပန်း နေမှာပေါ့အေ ကြီးကြီးကျယ်ကျယ်နဲ့ လူ
ကြည့်တော့ ရွှေရည်စိမ်လောက် ဝတ်ထားပြီး ဟဲ့ဆက်ထုံး! !"

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now