အပိုင်း(32)🌾🌴end

Start from the beginning
                                    

"သက်မာလေးရေ အသည်းမြစ်လေးနဲ့ တစ်ပွဲဟေ့!!"

"စလာပြီ တင်အောင်ရွှေ မင်း ငါလက်သီး မစားရတာကြာလို့လား "

"မင်းကလဲ နဲနဲလေးကို ကောင်းပေးလို့မရဘူး ခွေးသူတောင်းစား မင်းလင်ရတာ ငါ့ကြောင့်ကွ ငါ့ကြောင့်!!"

"အေး အဲ့မျက်နာထောက်နေလို့ မဟုတ်ရင်မင်းသွားတွေ မြန်မာပြည်အထက်ပိုင်းအောက်ပိုင်း ဘုရားဖူးလှည့်နေလောက်ပြီ"

"ဒီ ငိုးမသားတော့ ကွာ"

ရန်ဖြစ်တော့မယ့်အရေ မြင်တော့သဏ္ဍန် မနေသာတော့ပေ။

"တော်ကြပါကွာ  ကိုတင်အောင်ရွှေ ထမင်းစားမှာမလား ဘာနဲ့စားမှာလဲ"

"ဟို သက်မာလေးရဲ့... "

"တင်အောင်ရွှေ!!"

"သက်မာထည့်ပေးတဲ့ အသည်းမြစ်လေးလို့ ပြောမလို့ပါယောက်ဖရ"

"ဟာ ငလိုးမသား! !"

"တော်ပါတော့ ထုံးရာ ကိုယ်ဆိုင်လာစားတဲ့သူကို "

"ပြောလိုက်ပါကွာ မင်းပဲငါဘက်က ကာကွယ်ပေးမယ့်သူရှိတာ။ တစ်ချိန်ကြ မယားညီအကိုတွေ ဖြစ် ဖြစ်...".

"ခလွမ်း ဂွမ်း! !!ငလိုးမသား ပြောလေကဲလေ မင်းကိုလိ့မှမရောင်းဘူးကွာ! !"

စတီးပန်ကန်းနဲ့ ပြစ်ပေါက်ကာ ပြေးထွက်လာသော ဆက်ထုံးကြောင့် တင်အောင်ရွှေတို့ ထပြေးကုန်ကြသည်။ ဆိုင်ထဲကရှိတဲ့လူတွေကလဲ ရယ်လိုက်ကြတာဆိုတာ ပြောမနေပါနဲ့တော့။

ဘောလုံး ဘောင်းဘီ ဖရိုဖရဲ နဲ့နောက်ကပြေးလိုက်မယ့်တစ်ကဲကဲလုပ်နေလို့ သူမှာမနဲဆွဲနေရသည်။

"တော်ပါတော့ ထုံးရာ ဘာမှမဟုတ်ပဲကိုယ့်ဆိုင်ကဖောက်သည်ကိုကွာ"

"ဘာလဲ လာမစားနေပေါ့ကွ ဘာဂရုစိုက်နေမှာ သူစားမှ ရောင်းရမှာ မဟုတ်ဘူး "

"ဒါတော့လဲ ဒါပေါ့ကွာ ဒါပေ့မယ့်လဲ ဒါ.."

"သဏ္ဍန်သုမောင်! !!!"

"ဗျာ!!"

"တော်လိုက်တော့ အဲ့ကောင်ဘက်ကနာနေရအောင် တင်အောင်ရွှေက မင်းလင်လား ငါကမင်းလင်လား!"

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now