အပိုင်း(14)🏙

Start from the beginning
                                    

သွယ် ဟန်ဆောင်မူ့အပြည့်ဖြင့် အောင်နိုင်သူ တစ်ယောက်လို ပြုံးလိုက်တာကို သူကလွှဲ၍ ဘယ်သူမှ မသိနိုင်ပါ။

>>>>>>>>>>>>>>>>>>>>>>>>

ဆက်ထုံး မနက်လေးနာရီထ မောင့်အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင် အကုန်အဆင်သင့်လုပ်ထားပေးပြီး ကပျာကယာ ရေချိုးကာ အလုပ်ကိုပြေးရသည်။ 

ဟိုရောက်တာနဲ့တန်းချက်ပြုတ်ရကာ ဆက်ထုံးခင်များ မနက်ဆယ်တစ်လောက်ထိကို ထိုင်ရတယ်မရှိပဲဟင်းတွေ မျိုးစုံအောင် ချက်ပေးရသည်။

ဆိုင်က အသစ်ဆိုပေမယ့် အတော်လေးရောင်းရသည်။ လက်ရာကောင်းတယ်ဟု နာမည်ရသဖြင့် ဆိုင်ရှင် မသူဇာကလဲ သူကိုအရေးပေး ဆက်ဆံသည်။သို့သော်လဲ မနာလိုသူတွေတော့ ပိုများလာရတာပေါ့ လူသဘာဝပဲမဟုတ်လား။

"ဟဲ့ သူက ယောကျ်ားချင်းလက်ထပ်ထားတာတဲ့"

"ဟင် အဲ့ဆိုသူကအခြောက်ပေါ့ မထင်ရဘူးနော်"

"ဟုတ်ပ့ဟယ် ရုပ်ကြည့်တော့လဲ နွဲ့လျမနေပါဘူး"

"အမလေး တွေးကြည့်လိုက်ရင်
ကြက်သီးထတယ် သူတို့ဘယ်လိုများ နေကြလဲမသိဘူးနော်"

ဆက်ထုံး ကြားနေကြစကားတွေကို လျစ်လျူရှူ့ကာ ချက်စရာရှိတာများကို မြန်မြန်လက်စသတ်နေရသည်။ သူနားချိန်တွင် လမ်းထိပ်မှာ ကိုထွန်းနဲ့လိုက်ကာ ကားတင်ကားချ လုပ်ကူလျှင်အပိုဝင်ငွေရတာ​မို့ သူပြေးလုပ်လိုက်ချင်သေးသည်။ ထိုအရာတွေကို လိုက်ခံစားနေဖို့ သူ့မှာအချိန်မရှိပါ။

" ကောင်မတွေ စကားမများပဲ အလုပ်ကိုဂရုစိုက် သူများစောက်တင်း အားအားရှိ ပြောမနေကြနဲ့ "

"ဟုတ် ဂျာကြီး !!"

ကောင်မလေးတွေ လျှာလေးထုတ်ကာ ပါးစပ်လေးတွေ ပိတ်ထွက်သွားတော့ ဆက်ထုံး သက်ပြင်းသာ ချမိသည်။ အော်လူတွေလဲ သူများအကြောင်းဆို ပါးစပ်အရသာခံချက်က ပြောမပြတတ်အောင်ပါပဲ ။

"ထုံးလေး ပြီးတော့မှာလား"

လာပြန်ပြီ တစ်ယောက်

"ကိုစည်သူ ကျွန်တော်ကို အဲ့လိုခေါ်တာမကြိုက်ပါဘူးလို့ ဘယ်နှစ်ခါပြောရမလဲ"

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now