...............

"မောင်...ေမာင်...ဆက်ကိုထားမခဲ့ပါနဲ့.."

အိမ်မက်ထဲမှာမောင်က အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားတယ်...။ဆက်က အခေါင်းလိုမှောင်ပိန်းနေတဲ့အခန်းလေးတစ်ခုမှာပိတ်မိနေတယ်...။မောင်ကဆက်ကို ခဏသာစိုက်ပြီးပြီးပြုံးပြတယ်...။မောင့်အပြုံးတွေက အရမ်းကြောက်ဖို့ကောင်းလောက်အောင်အေးစက်နေတယ်...။
ပြီးတော့ မောင် ဆက်ကိုထားပြီးထွက်သွားတယ်..။ဆက် အသံကုန်ဟစ်ပြီးမောင့်ကိုခေါ်နေတာတောင်မောင်တစ်ချက်လေးမှ ဂရုမစိုက်ဘူး..။တဖြည်းဖြည်းနဲ့မောင်ကဆက်ရဲ့အဝေးဆုံးကိုရောက်သွားတယ်....။

"မောင်...မောင်..ဆက်ကိုထားမခဲ့ပါနဲ...အီးဟီးဟီး"
ဖျတ်ခနဲ....ဆက်မျက်လုံးတွေဖွင့်လာခဲ့သည်။
ဇောချွေးတွေပြန်နေခဲ့ပြီးအသက်ကိုတောင်မနည်းရူနေရသည်။
အိမ်မက်ဆိုတာသိနေပေမယ့်ရုန်းမထွက်နိုင်အောင် နစ်မွန်းပြီးကြောက်စရာကောင်းနေခဲ့တယ်..။ကလေးတစ်ယောက်လိုသည်းကြီးမဲကြီးငိုနေမိတယ်...။

ငုတ်တုတ်ထထိုင်မိလိုက်တော့...ဆက်နဖူးပေါ်က အဝတ်ဖြူလေးတစ်ခုပြုတ်ကျလာသည်။ ပြီးတော့လက်ကဓားဒဏ်ရာမှာလည်းစည်းပေးထားသည်။ပါးကဒဏ်ရာကိုထိကြည့်မိတော့လည်း အနာကပ်ပလာစတာကပ်ထားသည်။ဒဏ်ရာတွေကအရင်လောက်မနာကျင်တော့...။ပြီးတော့ဆက်..အိပ်နေတာကြမ်းပြင်မဟုတ်ဘဲ.. ခုတင်ပေါ်မှာ..။

"မင်းနိုးနေပြီလား "

ဆက်အတွေးတွေ အသံတစ်ခုကြောင့်ရပ်တန့်သွားရ၏။
မောင်......။လက်ထဲမှာ..အငွေ့တထောင်းထောင်းထနေတဲ့ ပန်းကန်ပါတဲ့လင်ဗန်းကိုကိုင်လာသည်။.
လက်ထဲက လင်ဗန်းကိုစားပွဲပေါ်တင်ရင်း တိမ်တံတိုင်း ခုတင်ပေါ်ဝင်ထိုင်လိုက်၏။

မောင့်ကိုမြင်လိုက်ရသည်နှင့် အိမ်မက်အကြောင်းကိုစဥ်းစားမိသွားကာ ဆက် မောင့်ခါးကိုဖက်လိုက်သည်။ဆက် အနားမှာပဲနေပေးပါမောင်...။

"ဟ..ခဏ.. ဖယ်ပေးပါဥိး"

ရုတ်တရက်ဖက်ခံလိုက်ရသလို...သူ့ရင်ခွင်ထဲမှာမြုပ်နေသည့်သေးညှက်ညှက်ကောင်ကို တိမ်တံတိုင်း ဆွဲခွာရန်ကြိုးစားလိုက်သည်။
သူဆွဲခွာရန်ကြိုးပမ်းလေ..ထိုအကောင်သေးလေးကပိုဖက်လေ..။

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now