part1

7.9K 110 0
                                    

သတ်ပုံအမှားလေးတွေမစစ်ရသေးတာမို့ဖြည့်ပြီးဖတ်ပေးကြပါလို့မေတ္တာရပ်ခံချင်ပါတယ်။
သာသာ့အနေနဲ့ရေးပြီးကတည်းကစစ်ချိန်မရသေးတာမို့ပါ။

"ဆက်အဂ္ဂသွင်..မင်းဒီလောက်လည်လိမ့်မယ်လို့ငါမထင်ခဲ့ဘူး မင်းကိုငါလျော့တွက်ခဲ့တာပဲကွ"

ဦးမင်းထင် ရဲ့ခိုးကြောင်ခိုးဝှက်စကားတွေကိုနားထောင်ရင်း ဆက် မထီသလိုပြုံးလိုက်သည်။
ကြည့်စမ်းပါဦး ဘယ်လောက်ကြောက်နေလိုက်လည်းဆိုရင်လေ သူ့အနားမှာလူတွေအများကြီးဝိုင်းထားပြီးအော်နေလေရဲ့....။ဦးမင်ထင်ကဖေဖေနဲ့ စီးပွားဖက်မိတ်ဆွေဖြစ်ပေမယ့် ဂိုဏ်းပုံစံမကျတကျလုပ်ငန်းစုလေးတစ်ခုတည်ထောင်ထားသူ။

သူ့လုပ်ငန်းမသေချာသည့်အတွက်ဆက် တို့ လုပ်ငန်းကြီးကနေလုပ်ကွက်တွေဖြတ်လုနေခြင်းဖြစ်သည်။
ဖေဖေက ဆက်ကို ယခုလုပ်ကွက်ကိုချပေးသည့်အတွက် ဖြစ်လာသမျှအရာမှန်သမျှ ဆက် ကတာဝန်ယူရမည်ပင်။

ဆက် စီးကရက်တစ်လိပ်ကိုထုတ်ပြီးရိူက်ဖွာလိုက်သည်။

"ဆက်..ငါတို့စတော့မလား"

သူငယ်ချင်း မင်းရန်ရဲ့ အားမလိုအားမရစကားကိုလက်ကာတားလိုက်သည်။ဒီအခြေအနေကစိတ်လိုက်မာန်ပါလုပ်လို့မဖြစ်..။ဦးမင်းဒင် ဘက်က လူများသည့်အတွက် ဆက် ဘက်ကလူတွေကိုစောင့်ရမည်။

"နေဦးအခြေအနေစောင့်ကြည့်ပါဦး မင်းရန်. ငါတို့ညှိနိူင်းကြည့်ဦးမယ် လက်မခံဘူးဆိုရင်တော့တုံ့ဆိုင်းမနေတော့ဘူးပေါ့ကွာ..ငါလည်းနောက်ဆုတ်ရမယ့်အဖြစ်ကိုမုန်းတယ်"

"ဘယ်လိုလဲ ဆက်အဂ္ဂသွင်..မင်းဘာမှမတတ်နိုင်တော့ဘူးမလား. "

"အဟွန်း..အဟွန်း..ဦးမင်းထင်.. ဦးမင်းထင်  ခင်ဗျားကကိုယ့်ကိုယ်ကိုအရမ်းအထင်ကြီးလွန်းနေတာပဲ ကျွန်တော့လုပ်ကွက်ကိုလုယူထားပြီးအသံကောင်းဟစ်နေတဲ့ခင်ဗျားကို ဘယ်လိုနှိပ်ကွပ်ရမလဲစဥ်းစားနေတာ..ထွက်ပြေးမယ့်အထဲမှာကျွန်တော်မပါဘူးဆိုတာခင်ဗျားမေ့နေပြီထင်တယ်"

ဦးမင်းထင် မျက်နှာပျက်သွားသည်။ဆေးသမား..ဇိုးကောင်ကိုသူအရာရာလျော့တွက်ခဲ့မိသည်။နိုင်ငံခြားလုပ်ကွက်တွေအကုန်သူလုယူခဲ့ပြီးမသိလောက်ပါဘူးဆိုပြီးဖုန်းဖိခဲ့ပေမယ့် ဒီကောင်စုတ်ကသိနေခဲ့သည်။

 ကျွန်တော်ချစ်သောမောင်💖💖Dove le storie prendono vita. Scoprilo ora