အပိုင်း(9)🏙🔺

Start from the beginning
                                    

သဏ္ဍန်ရယ်လိုက်မိသည်။တစ်ကယ့်ကလေးလေးလို သူကိုရန်ပြန်တွေ့နေသည်။ကြည့်ရင်းပင်ထိုလူအား သူအသဲတွေအူတွေပင် ယားလာသည်။ စချင်သေးသည့် စိတ်ကိုလဲထိန်းမရ

"ခင်များဟာ ခင်များ ရွာမှာ ကျားချင်ကျား ဒီမှာတော့ ကျုပ်မယားပဲလေ"

"ဟာ....မင်း ခဏခဏ မပြောနဲ့ဆို မင်းကို လိုချင်လို့ယူတယ်ထင်လို့လား မလွန်ဆန်နိုင်လို့.."

ဆက်ထုံး စကားကြောင့်သဏ္ဍန်မျက်နှာလေးညိုးသွားရှာသည်။ သူစကားမှားသွားမှန်းသိပေ့မယ့်ပြင်လို့ကမရတော့ပြောမိသွားပြီ။

"ဟုတ်ပါတယ်ဗျာ ကျွန်တော် သိပါတယ်"

သဏ္ဌန် ရင်ထဲဘာလို့ အဲ့လောက်ထိမကောင်းဖြစ်သွားရတာလဲ
သဏ္ဌန် နားမလည်။ သူရင်ထဲအရမ်းစိတ်မကောင်းဖြစ်သွားတာကိုတော့ညာလို့မရ။

ထိုစကားလေးတစ်ခွန်းတွက် သူဘာလို့ အဲ့လောက်ထိ ခံစားသွားရပါသလဲ သူပြောတာလဲ မှန်နေတာပဲလေ ။ သဏ္ဌန် ဘာမှမပြောတော့ပဲ ဟိုဘက်လှည့်ကာ ပြန်အိပ်လိုက်သည်။

"ဟို ...ဟိုစိတ်ဆိုးသွားတာလား စိတ်ဆိုးသွားတာလားလို့ အဲ့လိုသဘောပြောချင်တာမဟုတ်ဘူးလို့"

သဏ္ဍန် ပြန်မလှည့်လာပါ ။ သူစကားမှားသွားပြီလား သူဘာလို့ပြောလိုက်မိပါ့လိမ့်၊ သူရဲ့ ချမ်းသာတဲ့ဘဝကိုတောင် စွန့်ပြီး ငါလက်ကို ရဲရဲတွဲ့ခဲ့သူကို ငါဘာလို့ အဲ့လိုပြောလိုက်မိပါ့လိမ့်။

"သဏ္ဌန်သုမောင် ဒီဘက်လှည့်ဦးငါ ငါမှားသွားပါတယ် လှည့်ပါဦးကွာ ငါတောင်းပန်နေတာလေ "

ဆက်ထုံး မျက်ရည်လေး ကကျချင်လာပြီး ငိုသံရောသော အသံလေးနဲခေါ်တော့ သဏ္ဌန်သုမောင် မနေနိုင်။

"ဘာမှမဖြစ်ပါဘူး ရပါတယ် ခင်များ ပြောတာလဲမှန်တာ​ပဲလေ "

"အဲ့လိုသဘော မဟုတ်ပါဘူးဆို "

"အဲ့ဆိုဘယ်လိုသဘောလဲ"

"မသိဘူးကွာ "

"ဟာ...ဟေ့ဘယ်သွားမလို့လဲ ပြီးအောင်ဖြေအုံး "

သဏ္ဌန် ဆက်ထုံးလက်ကလေး လှမ်းဆွဲလိုက်တော့ သူပေါ်လှဲကာကျလာသည်။

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now