အပိုင်း(8)🏙

Start from the beginning
                                    

"ဟာ ဒီကောင်ပြောလေကဲလေကွာ!!"

"အမလေး! !!တော်ပါတော့ အကိုရယ် တော်ပါတော့ ကျွန်မသားလေး ကျွန်မသားလေးကို မလုပ်ပါနဲ့"

"မင်းအခု ဘာဆက်လုပ်မှာလဲ
သဏ္ဍန်သုမောင် အခုချက်ချင်း သူကိုရွာပြန်ပို့ ဒါငါ့အမိန့်ပဲ!! "

"မပို့နိုင်ဘူး ဖေဖေ ကျွန်တော် နဲ့ ကိုဆက်ထုံး က တရားဝင်လက်ထပ်ခဲ့ ပြီးပြီ။   သူက ကျွန်တော်ရဲ့ တရားဝင် လင်ယောကျာ်း
ဖြစ်တာမို့ ဘယ်နည်းမှ ရွာပြန်မပို့နိုင်ဘူး ဖေဖေ"

"အေး ကြိုက်တယ် ငါဆိုတဲ့ကောင်ကလဲ ပြတ်သားမှကြိုက်တာ ဒီနေ့ဒီနေ့ချိန်ကစပြီး မင်းဟာ
ဦးသုမောင်၊ ဒေါ်ထင်သဏ္ဍန် တို့ရဲ့သား မဟုတ်တော့ဘူး အခုချက်ချင်းအိမ်ပေါ်ကဆင်း !!!
သွား "

ဆက်ထုံး ကိုယ်လေးဆတ်ကနဲတုန်သွားသည်။ မျက်ဝန်းတွေကလဲ သဏ္ဍန်ကိုသာ အားကိုတစ်ကြီးကြည့်နေမိသည်။ လက်ကိုယောင်ယမ်းဆွဲလိုက်ကာ နောက်မှရပ်နေမိသည်။

"မလုပ်ပါနဲ့ မလုပ်ပါနဲ့ အကိုရယ် သားကကျောင်းမပြီးသေးဘူးလေ ခုထိဘာအလုပ်မှလဲ လုပ်ဖူးသေးတာမဟုတ်ဘူး ။
မလုပ်ပါနဲ့နော် သားကအခုမှ ကလေးပဲရှိသေးတာပါ အကိုရယ်"

မေမေငိုယိုကာ ဝင်တောင်းပန်ရှာတော့ သဏ္ဍန် စိတ်မကောင်း။ ဖြစ်သင့်ပါတယ် ဖေဖေလဲ သူအသိုင်းဝိုင်း သူနယ်ပယ်မှာ သားဖြစ်သူက ယောကျာ်း တစ်ယောက်ကို ကောက်ယူလာတယ်ဆိုတော့ ဖေဖေ ရှက်ရှာမည်။

သူလဲ ယခုချိန်ထိ မယုံနိုင်သေးပါ။ သူဘဝတွင် ယောကျာ်းတစ်ယောက်ကို လက်ထပ်လိုက်ရလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထင်ခဲ့။  ရှက်စရာသိပ်ကောင်း သည်မဟုတ်လား။သိုသော် ထိုလူအား ကွာရှင်းလိုက်ဖို့ဆိုတာ သူဘဝတွက် ပို၍ရှက်စရာကောင်းမည်ထင်။

အရှက်သိက္ခာတွေ မငဲ့ သူ့ကိုလူအများရှေ့ သူအသက်တွက် ကာကွယ်ပေးခဲ့သူ။ သူ့မိဘ သူ့အသိုက်ဝန်း လေးကိုစွန့်၍ သူလက်ကိုတွဲ လိုက်ခဲ့ရှာသူ။  သူ ထိုလူအား လက်လွှတ်လိုက်ဖို့ဆိုတာပို၍တောင် ဘယ်တော့မှ မဖြစ်နိုင်တဲ့အရာပါ။

"သူရွေးချယ်လိုက်တဲ့ လမ်းပဲ ထင် ၊
မင်းဘာမှဝင်မပြောပါနဲ့ ဟေ့ကောင် သဏ္ဍန်သုမောင် ကား ၊bank crad
ဖုန်း၊ လက်ဝတ်လက်စား ၊ဘာတစ်ခုမှ ယူသွားစရာမလိုဘူး ။အကုန်ထားခဲ့ မင်းဘဝကို မင်းကျောင်း ငါတို့နဲ့ ပတ်သတ်တာ အကုန်ထားခဲ့"

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now