အပိုင်း(7)🌴🌾

Start from the beginning
                                    

သူကြီး လက်တွေ့ကြ ပြောမထွက်ပြန် ။

"ဟိုရောက်မှသာကြည့်တော့ရွှေမိရယ် လာသွားကြရအောင်"

မင်းသန့်လဲ သူကြီးပြောတာကိုနားထောင်ရင်း စိတ်တော့ပူမိသွားသည်။ သဏ္ဍန်က ညထဲကပြန်မလာသူနေရာနှံ့နေပြီး လိုက်ရှာတာမတွေ့။

  စိတ်ကလဲအတော်ပူနေပြီ
ကိုဆက်ထုံးက ဘာဖြစ်သည်မသိ သူသဏ္ဍန် အားရှာရင်း သူကြီးတို့ အဖွဲနှင့် ရွာထိပ်သို့ လိုက်သွားလိုက်သည်။

"အမလေး!! သားလေး ဆက်ထုံး
ထစမ်းသား ဘာလို့ဒီမှာ အိပ်နေတာလဲ၊ ဟိုကလေးကရော ဘာလိုလဲ
ဘာလို့အတူအိပ်နေတာ ဟင်!!"

ဒေါ်ရွှေမိ လန့်ဖြန့်သွားမိသည်။  သားတစ်ကိုယ်လုံး အနီရောင် ကိုက်ရာတွေနှင့် ပြည့်နေကာ လည်ပင်းတေ ရင်ဘတ်တွေမှာ မြင်မကောင်း။ ဘာတွေဖြစ်နေတာလဲ ဘာတွေလဲသူတို့ချင်းများ ဘုရားဘုရားသူ ဆက်လိုပင်မတွေးရဲတော့ချေ။

*ဟင်အင့် ဟင်အင့် သားကအဲ့လိုလူမျိုးမဟုတ်ဘူး မဟုတ်ဘူးလို့*

ဒေါ်ရွှေမိရင်ထဲမှာပြင်းထန်စိုးရိမ်စွာရေရွတ်ရင်းသားကိုထုရိုက်နေမိသည်။

အမေ့ရဲ့ ထုရိုက်နိုးသံကြောင့်
ဆက်ထုံး အလန့်တကြား ထကာ တွေ့ရာအင်္ကျီကိုကောက်ဝတ်လိုက်သည်။ ဘေးကို  ကြည့်လိုက်တော့ အမေနှင့် သူကြီး။

တဲအောက် မှာကရွာကလူအုပ်ကြီး က၀ိုင်းကြည့်တေကြသည်။ရှက်စရာကောင်းလွန်း၍ ဆက်ထုံး ခင်မျာခေါင်းပင်မဖော်နိုင်တော့ချေ။

ရှက်သည့် စိတ်ရော သိမ်ငယ်သည့်စိတ်ပါပေါင်းကာ သေသွားချင်သည့်စိတ်သာသူ့မှာရှိတော့သည်။ ညက သူသတိလစ်သွားသည်ထင် အခု အမေ့အသံ​ကြားမှ သူပြန်နိုးလာခြင်း ဖြစ်သည်။

"သားမေမေကို ပြောစမ်း အမေကိုပြော တစ်ကယ် မဟုတ်ဘူးမလား
သူများတွေ ပြောနေကြသလိုမဟုတ်ဘူးမလား သားအရက်မူးပြီး ဒီတိုင်းလေး အိပ်ပျော်သွားတာမလား ဒီတိုင်းလေးပဲဟုတ်တယ်မလားသား...."

"အန်တီ သားရှင်းပြမယ်၊ ကျွန်တော် ရှင်းပြမယ် "

သဏ္ဍန် လဲလန့်နိုးလာကာအဖြစ်ပျက်အားလုံးကို သူသဘောပေါက်လိုက်သည် ။ ညကအဖြစ်တွေပြန်တွေးရင် ထိုလူအား သူ ဘယ်လို မျက်နာနှင့် ပြန်ကြည့်ရမယ်တောင် သူမသိတော့ပေ။ သူကျူးလွန်ခဲ့မိတဲ့ပြသာနာမို့ သူတာဝန်ယူဖြေရှင်းသင့်သည်။

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now