အပိုင်း(3)🌴🌾

Start from the beginning
                                    

"လွမ်းတာလွမ်းပေါ့မေမေရာ သားပါအစစ်ပါတယ်၊ နားမခံနိုင်ဘူးဗျ သူရွာကောင်းကြောင်း သူရွာဘယ်လိုလှကြောင်း တစ်နေကုန်​နားထောင်ပေးမယ်ဆိုရင်သူကထမင်းကျွေးပြီး ပြောမယ့်ကောင်"

"သဏ္ဍန်သုမောင် မင်းအဲ့ဒါတော့ များသွားပြီ ဟျောင့်! ငါတစ်ကယ်ဟုတ်လို့ပြောတာ မယုံရင် မင်းလိုက်ခဲ့စမ်းပါ၊  ရွာက ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တွေ ဘယ်လောက်လှကြောင်း မြင်ရမှ သား မပြန်တော့ပါဘူး မေမေရေ ဖြစ်နေမယ်"

"စိတ်ချ မင်းဟာမင်း မိုးပြန်အောင်လှလှ ငါအမေနဲ့ ဘယ်သူနဲ့မှမလဲဘူး နော့မေမေရာ"

"ကဲ ဒီသူငယ်ချင်းနှစ်ယောက် ရန်ဖြစ်မနေကြနဲ့ သွားတော့ နောက်ကျနေမယ် ကားကို ဖြည်းဖြည်း မောင်းနော် သား မေမေ မုန့်ဖိုးထည့်ထားပေးတယ်"

"သွားပြီး မေမေ ချစ်တယ်မွ"

"အန်တီ ကျုပ်..အယ်ဟုတ်ပါဘူး သားသွားပြီဗျ"

"ဟုတ်ပါပြီရှင့် ဖြည်းဖြည်း မောင်းကြနော်"

သားလေး ထွက်သွားတော့
ဒေါ်ထင်သဏ္ဍန် ပြုံး၍ ကြည့်နေမိသည်။ သူတို့မှာ ဒီသားလေးတစ်ယောက်သာရှိသည်။ ကိုကြီးနဲ့ရပြီး အိမ်ထောင်သက်တမ်းကြာမှ သားလေးကို ရခဲ့တာမို့ သူတို့မှာရူးမတတ်ပျော်ကြရသည်။

သားက မွေးလာထဲက ကံကောင်းခြင်းတွေအပြည့်နဲ့ မွေးဖွားလာခဲ့သည်။သားမွေး မှစီးပွားတွေ အသားကုန်တတ်ကာ သားတို့အဖေ ကိုသုမောင် ကတောင်သူသားက လာဘ်ကောင်လေးဆိုပြီး ရွှေလင်ပန်းနဲ့အခြင်းဆေး မင်းမွေးသည့်သား မဖြစ်ရုံတစ်မယ် ဖူးဖူးမူတ် အလိုလိုက်ထားသည်။

သားက အလိုလိုက် သလိုမဆိုးပါ လိမ်မာသည်။ မိဘစကားနားထောင်သည်။ အခု ဖေဖေ့ စီးပွားရေး ကိုသာ ဝင်ရောက်လုပ်ကိုင်မည် ဆိုကာ သူဝါသနာပါသော ဘာသာစကား တက္ကသိုလ် ကို မတတ်ပဲ စီးပွားရေး နဲ့ကျောင်းတတ်နေတာ ယခုဆို ဒုတိယ နှစ်ပင်ရောက်ခဲ့ပြီ။

သားကတွေ့ကရာလူလဲမပေါင်း။  မင်းသန့်လေးကရိုးသားတာမို့ ခင်မင်ဖို့ ကောင်းသည်ဆို၍သားကပေါင်းသည်။ သားကအနေတည်ကာ အပြင်တွင် ခပ်တည်တည် နေတတ်ပေ့မယ့် အိမ်ရောက်လျှင် ရုံပတီသီးရယ်ပါ ။

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now