အပိုင်း(1)🌴🌾

76.6K 2K 90
                                    

"ဆက်ထုံးရေ.....သားလေး !!
အမလေး အမောင်ဆက်ထုံးရဲ့ ထတော်မူပါအုံး ဟဲ့  အိပ်နေလိုက်တာများ ကုလားသေကုလားမော နဲ့အေ ဆိုင်လူကျနေပြီ နင်အမ တစ်ယောက်ထဲမနိုင်တော့ဘူးတဲ့ ​ ဖိုးထောင်နဲ့မှာလိုက်တယ် ထ ....ထတော့ သားငယ်ရဲ့"

"အလိုဗျာ.. အမေတို့ကလဲ ကျုပ်မနက်အစောကြီး အစ်မ အဆင်သင့်ရောင်းဖို့ ချက်ပြုတ်ပြီပြီလေဗျာ ကျုပ် ခဏလောက်တော့ ထပ်
အိပ်ဦးမယ် ဗျာ.."

"တယ်.... ဒီကောင်လေးနဲ့ ထပါသားရယ် သွားသွား မင်းအမကို မြောက်ပိုင်းက သာအေး တို့က မင်းမရောက်ခင် ကြိုရောက်ပြီ ရိသဲ့သဲ့လုပ်နေမှ ဖြင့်"

"ဘာ!!!"

"ဟဲ့!!...ဖြည်းဖြည်း အော်ပါအေ့
အလန့်တစ်ကြားနဲ့တစ်ကတည်း
ထတော့ ထတော့ "

ဆက်ထုံး​လေးက သူ့အစ်မကိုတော့
သိပ်ချစ်ရှာသည်။ ဘယ်သူမှအထိမခံ ။ဒေါ်ရွှေမိ သားတစ်ယောက် သမီးတစ်ယောက်မွေးထားကာ သားလေးကလဲ သူဟာလေးနဲ့သူ အားကိုးရ သမီးလေးကလဲ လိမ်မာတာမို့  ဒေါ်ရွှေမိ သားသမီးရ သိပ်ကံကောင်းပါသည်။ ကိုသက်မောင်ဆုံးသွားထဲက သူတို့မိသားစု လက်ငုတ်လက်ရင်း ထမင်းဆိုင်လေးကိုပဲ ခုထပ်ထိရွာထိပ်မှာ ရောင်းနေတုန်းဖြစ်သည်။

ဆက်ထုံးကတော့ သူအဖေဆီက အမွေရတဲ့ ဟင်းချက်လက်ရာကြောင့် ဆိုင်လေးက လူစည်ကား လှသည်။ သို့သော်လဲ မနက်ပိုင်း ချက်ပြုတ်ပေးပြီးသည်နှင့် သကောင့်သားလေးအား ဖမ်းလို့ပင် မရတော့ပါ။အခုလဲ လူမနိုင်တော့တဲ့အဆုံး လာနိုးရတော့သည်။

ဆက်ထုံး အမေ့ရဲ့ နားပူတဲ့ဒဏ်ကို မခံနိုင်တော့၍ ပုဆိုးစလွယ်သိုင်းကာ အိမ်နောက်ရေစင်တွင် ကမန်းကတန်း မျက်နာသစ်ကာ ဆိုင်ဘက်သို့သွားရန် ပုဆိုးကိုပြန်ပြင်ဝတ်လိုက်သည်။

"အမေ ခင်များ အေးအေးဆေးဆေးနေနော် အလုပ်တွေလျှောက်လုပ်မနေနဲ့ ကျုပ်ညနေပြန်လာမှ ရေငင်ပေးမယ် "

(ရွာဓလေ့တွင် အမေကို ခင်များဟုသာ အများဆုံးသုံးနူန်းကြသည်မို့ ရိုင်းတယ်လို့မမြင်ပေးပါရန်)

"ကျုပ်သိပါတယ်အေ့ သွားသွား ဟဲ့!!!ခေါင်းဆောင်းသွားဦး
လေ ဆက်ထုံးရဲ့ "

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now