01

52K 1.3K 157
                                    

ရွှက် ရွှက်....

သစ်ရွက်ခြောက်တွေအားနင်းခြေကာ အနောက်မှလိုက်လာသည့်ခြေသံက စိတ်ရှုပ်ကောင်းစရာကောင်းလှ၏။ သင်တန်းအပြန် လာကြိုခိုင်းထားသည့်အစ်ကိုအားမျှော်နေမိသော်လည်း အရိပ်အယောင်တောင်မတွေ့ရသေးတာကြောင့် စိတ်မရှည်စွာသက်ပြင်းချမိလိုက်သည်။

" ဆောင်းငယ် "

ပခုံးပေါ်ကျူးကျော်လာသည့်လက်တစ်ဖက်ကြောင့် ဆောင်းငယ်ချက်ချင်းပင်ရုန်းထွက်လိုက်သည်။ ခန့်ထည်တို့အဖွဲ့နှင့် အပေါင်းအသင်းမလုပ်ရန် သူမအစ်ကိုမှနေ့တိုင်းမှာကြားထားခြင်းကြောင့်ဖြစ်သည်။

" မနေ့ကငါတို့ပေးလိုက်တဲ့ဆေးပြားလေးသောက်ကြည့်တာ ကြိုက်သွားပြီမလား "

" အဲ့အကြောင်းထပ်မပြောနဲ့တော့ခန့်ထည် "

" ဘာလဲ နင့်အစ်ကိုဆိုတဲ့မွေးစားသားကိုကြောက်နေတာလား "

" ကိုကို့,ကိုမစော်ကားနဲ့ခန့်ထည် ကိုကိုက.... "

" ဒီနေ့ည10နာရီမှာ ငါတို့အရင်ကဆုံနေကျကလပ်မှာပဲတွေ့ကြတာပေါ့ "

ခန့်ထည်ကစကားဖြတ်ပြောရင်း ဆောင်းငယ်ရဲ့လက်ထဲ ပလတ်စတစ်အိတ်ငယ်တစ်ခုအားထည့်ပေး၏။ ဆောင်းငယ်ကလက်ကိုပြန်ယုတ်သိမ်းတော့ အတင်းပြန်ဆွဲကာထည့်ပေးသည်။

" ဘာဇယားလာရှုပ်နေတာလဲ "

ရုတ်တရက်ဆောင့်တွန်းခံရတဲ့အရှိန်ကြောင့် ခန့်ထည်ရဲ့ခြေထောက်တွေပင်ယိုင်ကျသွားသည်။ လက်သီးဆုပ်ကာမော့ကြည့်လိုက်တော့ ထောင်ထောင်မောင်းမောင်းခန္ဓာကိုယ်က ဆောင်းငယ်အရှေ့မှပိတ်ရပ်ကာ သူ့အားစူးစိုက်ကြည့်လာသည်။

" ကျွန်တော်ဆောင်းငယ်နဲ့စကားအေးအေးဆေးဆေးပြောနေတာနော် ခင်ဗျားနဲ့မဆိုင်ဘူး "

" ငါ့ညီမကို ဆွဲလားရမ်းလားလုပ်နေတာကိုဒီအတိုင်းမဆိုင်သလိုနေရမယ်ပေါ့? "

" ခင်ဗျားကအစ်ကိုအရင်းကောဟုတ်နေလို့လား အစ်ကိုအမည်ခံပြီးဆောင်းငယ်ကို အပိုင်ယူချင်နေတာများမသိရင်ခက်မယ်"

ခန့်ထည်စကားကြောင့် အံကြိတ်ထားတဲ့မေးရိုးတွေပင်ထင်းထွက်လာ၏။ လက်သီးကိုတင်းတင်းဆုပ်ကာ စိုက်ကြည့်လိုက်တော့ ဆောင်းငယ်ကသူ့လက်မောင်းအားဆုပ်ကိုင်ထားသည်။

Twenty Six RevengeWhere stories live. Discover now