Chapter-15.1

961 114 1
                                    

အခန်း (၁၅) (က)

စစ်ယွီသည် လုရှင်းကျိုးရှိနေသည်ကို သတိမထားမိပေ။ ထိုအချိန်တွင် သူမ၏ခါးကို အရပ်ရှည်ရှည်နဲ့လူက ပွေ့ဖက်ထားသဖြင့် လက်တွေ့ကျကျပင် သူမ၏တစ်ကိုယ်လုံးသည် ထိုလူ၏ရင်ခွင်ထဲသို့ နစ်မြုပ်သွားခဲ့သည်။ ဤမျှနီးကပ်သောအကွာအဝေးတွင် သူမသည် ပဉ္စမသခင်လု၏ ခန္ဓာကိုယ်မှ နံ့သာဖြူနံ့ကိုပင် အနံ့ရခဲ့သည်။ အနံ့သည် ပေါ့ပါးသော်လည်း အလွန်နှစ်သက်ဖွယ်ပင်။

သို့သော် အရေးကြီးဆုံးမှာ စစ်ယွီသည် သူမသာ ဒီမှာ ကြာကြာ ဆက်နေမည်ဆိုပါက သွေးအန်လွန်းပြီး သေတဲ့အထိ ဖြစ်သွားလိမ့်မယ်လို့ ခံစားနေရ၏။

"နေပါဦး... အဟွတ်... အဟွတ်... ချပေးပါဦး..." စစ်ယွီတစ်ယောက် စကားစပြောသည်နှင့် ချောင်းဆိုးလာပြီး သွေးတွေပါပါလာကာ အသံက ပြတ်တောက်သွားခဲ့သည်။ သူမ၏ ခန့်ညားထည်ဝါသော အပြုအမူကို ထိန်းရန် အလွန်ကြိုးစားခဲ့ပါသော်လည်း ပဉ္စမသခင်လု၏ နားထဲသို့ ရောက်ရှိသွားသော အသံလေးမှာ နူးညံ့ စေးကပ်နေသည်။ ခြိမ်းခြောက်ဟန့်တားနိုင်သည့် ခွန်အားမျိုး စိုးစဉ်းမျှ ရှိမနေပါချေ။

သူမ တကယ်နေလို့‌မကောင်း ဖြစ်နေသောကြောင့် စစ်ယွီသည် မသိစိတ်က ပဉ္စမသခင်လု၏ လက်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အသက်ရှူသွင်းလိုက်ရသည်။ သူမသည် လွတ်လပ်ချင်သောကြောင့် ရုန်းကန်လိုက်ချင်သော်လည်း သူမ၏ ခြေထောက်များမှာ လေထဲရောက်နေသောကြောင့် ခွန်အားကို မစုစည်းနိုင်တော့ပေ။ သူမခါးရှိ လက်မှာ သံထည်ကြီးလိုပင်။ သူမခြေထောက်တွေကို ဘယ်လောက်ပဲ ယက်ကန်ယက်ကန်လုပ်နေပါစေ၊ ထိုပုံစံက မလွတ်ခဲ့ပေ။ စစ်ယွီမှာ သွေးအန်ပြီးနောက် ခွန်အားများစွာ မကျန်တော့ဘူးဖြစ်သည်။ ဒီလို ရုန်းကန်ပြီးနောက် သူမ နည်းနည်းလေးတောင် ဆက်မလှုပ်နိုင်တော့ပေ။ သူမ၏လက်နှစ်ဖက်အား ပဉ္စမသခင်လု၏ ရင်ဘတ်ကို ထောက်ကန်ထားဖို့ အသုံးပြုလိုက်ပြီး သူမတို့ကြားရှိ အကွာအဝေးကို ပိုကျယ်သွားစေဖို့ ကြိုစားလိုက်၏။ သူမ၏ ငြင်းဆန်လိုမှုကို တိတ်တဆိတ် ဆန္ဒပြနေခြင်းပင်။

သို့သော်... ဘာထိရောက်မှုမှ မရှိခဲ့ပါ။

အင်အားသုံး၍ မရသောအခါ ရှင်သန်လိုစိတ်ပြင်းပြသော စစ်ယွီလေးသည် ဒီလူအား စကားလုံးများဖြင့် စိတ်ပျော့သွားအောင် လုပ်သင့်သည်ဟု မှန်းဆလိုက်သည်။ သူမသည် အသနားခံသည့် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ကျွန်မနဲ့ ခွာ‌ပေးလို့ရမလား... အဟွတ် အဟွတ် အဟွတ်... ဒီလိုမျိုး အဟွတ်... အဟွတ်... အသက်ရှုလို့ မဝတော့ဘူး...."

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း On viuen les histories. Descobreix ara