Chapter-8.1

1.1K 162 0
                                    

အခန်း (၈) (က)

စစ်ယွီကတော့ သူမ ကလေးကို ကယ်တင်လိုက်သော ဗီဒီယိုသည် အင်တာနက်ပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားမှန်း အခုထိ သတိမထားမိသေးပေ။ သူမ သိတာကတော့ ဆေးရုံပေါ်မှာ နေရတာ ဘာမှမကောင်းဘူးဆိုတာပင်။ ထို့ကြောင့် IV ဆေးရည် ကုန်သွားသောအခါ သူမသည် ချက်ချင်းပင် ဆေးရုံဆင်းရန် ပြင်တော့သည်။

အပ်ဖြုတ်ပေးရန်လာသော သူနာပြုငယ်လေးသည် စစ်ယွီအား တစ်ချက်ကြည့်ကာ လုံးဝငြင်းဆန်လိုက်၏။ "မရဘူး။ ရှင့်ကို ပို့လိုက်တုန်းက သွေးတွေအများကြီး ဆုံးရှုံးထားရတာ။ ရှင့်ကိုစစ်ဆေးဖို့အတွက် ဆေးရုံဆက်တက်ဖို့ လိုသေးတယ်။"

သူနာပြုငယ်လေးသည် ထိုရင်သပ်ရှုမောဖွယ် ဗီဒီယိုအား သေချာကြည့်ပြီးပြီဖြစ်ပြီး သူမရှေ့ရှိ သနားစရာမျက်လုံးများဖြင့် တောင်းပန်နေသည့် ခပ်ယဲ့ယဲ့သာရှိသော မိန်းကလေးအား သေချာပေါက် မှတ်မိပေသည်။ ထိုမိန်းကလေးသည် ကလေးလေးအား ကားဆီကနေ ကယ်တင်ခဲ့သည့် သတ္တိရှိသော နတ်သမီးငယ်လေးပဲဖြစ်သည်။

စစ်ယွီတစ်ယောက် ဆေးရုံသို့ ရောက်ခါစက သူမသည် သေမင်းတံခါးဝတွင် ရောက်နေသလိုပင်။ သူနာပြုများမှာ သူတို့၏ မျက်ရည်များကို တိတ်တဆိတ် သုတ်နေရပြီး ထိုကဲ့သို့သော မိန်းမကောင်းလေး သေရမည်မှာ အလွန်နှမျောစရာကောင်းသည်ဟု ခံစားနေခဲ့ကြ၏။ သို့ရာတွင် ထိုနူးညံ့ပြီး အားနည်းပုံပေါ်သော မိန်း‌ကလေးမှာ မမျှော်လင့်ထားစွာ အလွန်အသက်ပြင်းပေသည်။ ထိုကဲ့သို့သော ကြောက်စရာကောင်းသော အခြေအနေမျိုးနှင့် သွေးအလွန်အကျွံ ဆုံးရှုံးထားတာတောင်မှ သူမသည် အမှန်တကယ် အသက်ရှင်နိုင်ခဲ့သည်။ ဆရာဝန်များကပင် ဒါက ထူးဆန်းအံ့ဩဖွယ်ပဲဟု ပြောကြရသည်။

ဒါက 'လူကောင်းတွေမှာ ကောင်းတဲ့ကံက နောက်က လိုက်တယ်' ဆိုတဲ့ ဒဏ္ဍာရီလာ ဆိုရိုးအတိုင်းပဲ ဖြစ်ရမယ်ဟု သူနာပြုငယ်လေးက တွေးလိုက်သည်။ အဲ့ဒါအပြင် သူမတို့ စစ်ယွီအား စစ်ဆေးကြည့်ရှုတုန်းက မည်သည့်အတွင်းဒဏ်ရာကိုမှ မတွေ့ခဲ့ရပေ။ ဒါဆို စစ်ယွီက ဘာဖြစ်လို့ သွေးတွေ အဲ့လောက်တောင် အန်နေရတာလဲ။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now