Ch-20.2

880 82 5
                                    

အခန်း (၂၀) (ခ)

ပဉ္စမသခင်လုသည် သွယ်လျသော ခန္ဓာကိုယ်ရှိသည်။ သူသည် အနည်းဆုံး ၆ ပေ ၃ လက်မလောက် အရပ်ရှည်ပုံရ၏။ ကျီလင်းသည်လည်း အရပ်ရှည်သော်ငြား ခေါင်းတစ်ဝက်လောက်တော့ ပုနေသေးသည်။ သူရဲ့အရပ်ရော ဟန်ပန်အမူအရာရော နှစ်ခုစလုံးကို အရပ်ရှည်ရှည်နဲ့ ချောမောတဲ့ အဲ့ဒီယောက်ျားက ဖိနှိပ်ထားနိုင်ခဲ့သည်။ တကယ်ပြောရမယ်ဆိုရင် သူ့မှာ အသာစီးရနေတာ တစ်ခုမှမရှိပါချေ။

သို့သော် စစ်ယွီသည် ကျီလင်း၏ ငယ်ရွယ်ပြီး မယိမ်းယိုင်သော မျက်နှာနှင့် ယောက်ျားပီသသော အသွင်အပြင်ကို ကြည့်လိုက်သည်။ သူမ သက်ပြင်းခပ်ဖွဖွ ချလိုက်မိ၏။ မိုက်မဲလိုက်တဲ့ကလေး၊ မင်းကတော့ ကောင်းကင်ကို လက်နဲ့အုပ်နိုင်တဲ့ နတ်ဆိုးဘုရင်ကြီးကို ဆန့်ကျင်မိနေပြီ။ သူရူးသွားတဲ့အခါ နင့်ကိုဘာလုပ်မိမလဲ ဘယ်သူသိမှာလဲ....

ထို့ကြောင့် သူမသည် ပဉ္စမသခင်လုကို အဝေးသို့ တွန်းထုတ်ဖို့ စိတ်ကူးကို စွန့်လွှတ်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက်၊ ထိုယောက်ျားရဲ့ လက်ကောက်ဝတ်ကို သူမဘက်မှ စကိုင်လိုက်၏။ သူတို့ အရေပြားချင်း ထိလိုက်တဲ့အခါ စစ်ယွီခန္ဓာကိုယ်မှ အေးစက်မှုသည် သူမ၏ လက်ချောင်းထိပ်မှတဆင့် ပျံ့နှံ့သွားပြီး ပဉ္စမသခင်လု၏ မျက်လုံးများသည် နှစ်သက်စွာ မှေးကျဉ်းသွားစေခဲ့သည်။

စစ်ယွီသည် သူ့အမူအရာကို မမြင်မိဘဲ မျှော်လင့်ချက်ကင်းမဲ့နေသည့် အသံလေးဖြင့် ပြောလိုက်သည်။ "ဒါ ကျွန်မအမှားပါ။ ကျွန်မ ဝန်ခံပြီးတော့ ပြန်လည်သုံးသပ်ပါမယ်။ ပဉ္စမသခင် ရှင် ကျွန်မကို စိတ်တိုင်းကျ အပြစ်ပေးနိုင်ပါတယ်။"

ထိုသို့ပြောပြီးနောက် ရှုပ်ထွေးသောအမူအရာတစ်ခု သူမမျက်နှာတွင် ဖြတ်ပြေးသွားခဲ့သည်။ "အင်း အချိန်အကြာကြီးဆိုရင်တောင်ပေါ့....." နောက်ဆုံးအကြိမ်တုန်းက ပဉ္စမသခင်လုသည် သူမကို လွှတ်မပေးခင် ဆယ့်ငါးမိနစ်သာ ထိုင်ခိုင်းခဲ့၏။ ဒီတစ်ခေါက်တော့ မလွယ်လောက်ဘူးဟု စစ်ယွီတစ်ယောက် ခံစားနေရသည်။

သာမန်ပြည်သူတစ်ဦးအနေနဲ့ စစ်ယွီသည် အမြဲတမ်း လိုက်လျောညီထွေဖြစ်အောင် နေနိုင်ခဲ့သည်။ လုမိသားစုလို ကြီးမားတဲ့ သားရဲကြီးတစ်ကောင် ဖန်တီးလိုက်ဖို့ သူမကို ဘယ်သူကများ အကြံပေးလိုက်လို့လဲ။ (သူ့ဟာသူ မန်ဟွာထဲ လျှောက်ရေးမိတယ် ပြောတာပါ) အခုတော့ သူမမှာ အံကြိတ်ပြီး သွေးတွေကို ပြန်မြိုချဖို့သာ တတ်နိုင်ပေသည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now