Chapter-16.2

927 104 1
                                    

Paid Gp စဆုံးပြီး

အခန်း (၁၆) (ခ)

စစ်ယွီ၏ ကောမစ်သည် တစ်ရက်ခြားတစ်ခါ တည်တည်ငြိမ်ငြိမ် အပ်ဒိတ်နေခဲ့သည်။ လက်ရှိတွင် ဇာတ်လမ်းသည် အခန်းပေါင်း ဆယ်ခန်းကျော် ရှိနေပြီဖြစ်သည်။ အစကတော့ ဒီနေ့ နောက်ထပ် အသစ်တစ်ခန်းတင်ဖို့ စီစဉ်ထားခဲ့သော်လည်း သူမအား ဒီနေရာသို့ ရုတ်တရက်ကြီး ခေါ်လာခံရသောကြောင့် အပ်ဒိတ်ကို နောက်တစ်ရက်သို့သာ ရွှေ့ဆိုင်းလိုက်နိုင်၏။

ထိုအချိန်တွင် စစ်ယွီမှာ ပိုလို့ပိုလို့ ဒေါသထွက်လာရသည်။ အကယ်၍ သူမသာ ပဉ္စမသခင်လုဆီသို့ ပြေးမဝင်ခဲ့ပါက သူမ ဒီလို အပြစ်ကင်းစွာ ပြန်ပေးဆွဲခံရမည် မဟုတ်ပေ။ ဒါတင်မကသေးဘဲ၊ သူမလည်း သွေးတွေ ဆက်တိုက် အန်နေမှာ မဟုတ်ဘူး။ အခုတော့ သူမမှာ လမ်းတောင် မလျှောက်နိုင်တော့ပေ။ ပုံဆွဲသူတစ်ယောက်အနေဖြင့် စစ်ယွီအတွက် သူမဒေါသကို ဖြေဖျောက်ရန် အကောင်းဆုံးနည်းလမ်းမှာ ပုံဆွဲခြင်းပင်ဖြစ်သည်။ သူမသည် ဗီလာတစ်ဝိုက်ကို ‌လှည့်ပတ်ကြည့်ပြီး ဘောပင်နှင့် စာရွက်ကို တွေ့သွားကာ ရွိ ရွိ ရွိ ဆိုပြီး နတ်ဆိုးကြီး၏ အုံ့မှိုင်းသော ရုပ်ပုံအား ဆွဲချလိုက်၏။

ထို့နောက် စစ်ယွီသည် စာရွက်ပေါ်တွင် "ငါ့ကိုဖမ်းသွားတဲ့ အရူးနတ်ဆိုးကြီး" ဟု စာလုံးကြီးကြီးဖြင့် ရေးထွင်းလိုက်သည်။ ထို့နောက် သူမသည် ဓာတ်ပုံရိုက်ကာ ဝေ့ပေါ် ပေါ်တွင် "ဒီလူက ငါ့အပ်ဒိတ်ကို နောက်ကျစေတဲ့လူပဲ။" ဟု ရေးတင်လိုက်သည်။

ဤသို့ တိတ်တိတ်လေး ထွက်ပေါက်ရှာလိုက်ပြီးနောက် စစ်ယွီမှာ ချက်ချင်းပင် ပို၍ နေလို့ထိုင်လို့ ကောင်းလာခဲ့သည်။ အဲ့လူကို မျက်နှာချင်းဆိုင်ပြီး မကျိန်ဆဲရဲဘူးဆိုတာကိုတော့ သူမ ဝန်ခံပါတယ်။

စစ်ယွီ၏စာဖတ်သူများသည် မူလက ဝေ့ပေါ် တွင် အပ်ဒိတ်အတွက် သနားစရာကောင်းစွာ ငိုနေခဲ့ကြ၏။ သူတို့သည် ပေ့စ်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြန်ဆွဲနေခဲ့ကြသည်။ မမျှော်လင့်ဘဲ နောက်တစ်ကြိမ် ပြန်ဆွဲပြီးနောက်တွင် အပ်ဒိတ်ရွှေ့လိုက်ကြောင်း ကြေညာသည့် ပို့စ်တစ်ခု ပေါ်လာခဲ့သည်။ သူမရဲ့ ဝေ့ပေါ် မှာ ချက်ချင်း ပေါက်ကွဲသွားခဲ့ကြ၏။ "ခိုအီကတော့ အချိန်ဆွဲနေပြန်ပြီ"၊ "အချိန်ဆွဲတဲ့စာရေးသူက နတ်ဆိုးက ကင်ပြီး စားတာ ခံရသင့်တယ်" နှင့် ထိုကဲ့သို့သော မှတ်ချက်များစွာ ချက်ချင်းဆိုသလို တက်လာကြသည်။ စစ်ယွီသည် တစ်ချက်သာ ကြည့်လိုက်ပြီး မျက်နှာပြောင်ပြောင်ပင် လျစ်လျူရှုလိုက်၏။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now