Chapter-12.3

881 106 0
                                    

အခန်း (၁၂) (ဂ)

အတက်ကြွဆုံး ဖန်တစ်ချို့က ဒီလိုပြောသောအခါ တစ်ခြားဖန်များသည် စစ်ဆေးမေးမြန်းနေတာကို ရပ်လိုက်ကြသည်။ သူတို့ ခုဏက စွပ်စွဲခဲ့မိတဲ့အတွက် အရမ်းနောင်တရပြီးတော့ စစ်ယွီအား သီးသန့်မက်ဆေ့များကတစ်ဆင့် တောင်းပန်ခဲ့ကြသည်။ သို့သော် ဤကဲ့သို့ဖြစ်ပြီးတာတောင် မိန်းကလေးဖန်တစ်ချို့သည် စိတ်မပြေနိုင်သေးဘဲ ကျီလင်း၏ နေရာအား ပြောင်းလဲလိုက်သည့်အတွက် ဆက်တိုက်ခိုက်နေကြဆဲဖြစ်သည်။ သူတို့သည် [ဖက်ရှင်အိုင်ကွန်၏ တရားဝင်အကောင့်] အား မန်းရှင်းခေါ်ကြပြီး သူတို့အား အဖြေတစ်ခုပေးရန် တောင်းဆိုခဲ့ကြ၏။ မဟုတ်ပါက သူတို့သည် မဂ္ဂဇင်းအား ဘယ်တော့မှ မဝယ်တော့ဘူးဟု ပြောဆိုခဲ့ကြသည်။

ထိုမိန်းကလေးဖန်များသည် 'ကျီလင်းကို အမှန်တကယ်ချစ်သည်' ဟူသည့် နာမည်နှင့် တိုက်ခိုက်ခဲ့ကြသည်။ သူတို့သည် ရူးသွပ်စွာဖြင့် ဖိုရမ်များတွင် စစ်ယွီအား တိုက်ရိုက် ကြမ်းတမ်းစွာ ဆဲဆိုကျိန်ဆဲကြတော့သည်။ ၎င်းသည် တစ်ချို့မိန်းကလေးများက သူတို့အား သည်းမခံနိုင်တော့ဘဲ ရပ်လိုက်ဖို့ ဖျောင်းဖျလိုက်ရသည့်အထိ‌ဖြစ်သည်။ သူတို့သည် ရုတ်ရုတ်သဲသဲဆက်လုပ်ချင်နေကြပြီး အော်ဟစ်လာကြသည်။ "နင်တိုက ကျီကောရဲ့ အစစ်အမှန်ဖန်တွေမဟုတ်ဘူး။ ကျီကော ဒီလိုနစ်နာသွားရတာ မြင်ရင် နင်တို့က ကျီကောကို ထောက်ပံ့ပေးရမှာလေ။ အတုအယောင်‌ဖန်တွေပဲ"

သို့သော် ထိုမိန်းကလေးဖန်အုပ်စု၏ အထက်စီးဆန်မှုသည် ကျီလင်းမှ ဝေ့ပေါ် ပို့စ်တစ်ခု တင်လိုက်သောအခါ အကုန်ငြိမ်ကျသွားရသည်။

ကျီလင်းသည် သတိပေးခြင်းမရှိဘဲနှင့် ဖက်ရှင်အိုင်ကွန်၏ တရားဝင်အကောင့်မှ တင်ထားသောပို့စ်အား သူ့ ဝေ့ပေါ်အကောင့်တွင် တိုက်ရိုက်ရှယ်လိုက်ပြီး ရေးလိုက်သည်။ "ဒီလိုအရာမျိုးကို မော်ဒယ်လုပ်နိုင်ဖို့ဆိုတာ တကယ်ကို အရည်အချင်းရှိမှ လုပ်နိုင်တာ၊ ဒါပေမဲ့ ငါက အဲ့လောက်မတော်လို့ ကျွမ်းကျင်တဲ့လူတွေကို ယဉ်ယဉ်ကျေးကျေး လွှဲပေးခဲ့တာ။ ရှူးး တိတ်တိတ်လေးနေကြ ငါ မင်းတို့အတွက် သီချင်းဆက်ဆိုပေးနေမှာပါ..."

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now