Chapter-15.2

1.1K 120 3
                                    

အခန်း (၁၅) (ခ)

စစ်ယွီ၏ စကားသည် ပဉ္စမသခင်လု၏ အပြုံးကို နက်နဲသွားစေပြီး သူ့မျက်လုံးထဲရှိ အကြည့်များကို မြင်လိုက်ရသော လုရှင်းကျိုး၏ နှလုံးသားလေးအား မကောင်းတော့ဘူးဟု တိတ်တဆိတ် ငိုကြွေးစေမိသည်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပဉ္စမသခင်လုကို မနာခံခဲ့တဲ့သူတိုင်း၊ သူတို့ရဲ့သင်္ချိုင်းပေါ်ရှိ မြက်ပင်တွေ အခုဆို နှစ်မီတာတောင် ရှည်နေပြီ။ သူ စီမံတာကို သူ့မျက်နှာရှေ့တည့်တည့်မှာ တိုက်ရိုက်ငြင်းဆန်ဖို့ နေနေသာသာ...။ လုရှင်းကျိုးသည် တိတ်တဆိတ် တွေးလိုက်မိသည်။ အရင်တုန်းက သူ ငယ်သေးပြီး ပေါ့တိပေါ့ရွှတ်နေတုန်းက ထိုလူ၏ ကံကြမ္မာကို တစ်ခါ မြင်ခဲ့ဖူးသည်... အခုချိန်ထိ သူသည် ထိုအကြောင်းကို မမေးရဲသေးပေ။

ထို့ကြောင့် လုရှင်းကျိုးသည် လိမ်လိမ်မာမာလေးသာ ပြန်ဖြေလိုက်၏။ "ပဉ္စမသခင်၊ ကျွန်တော် သိပါပြီ။"

အခုလေးတင်ပဲ သူ နှုတ်ဆိတ်နေသင့်လား မသင့်ဘူးလား ဆိုတာကို စိတ်ကူးထဲမှာ စဉ်းစား‌နေခဲ့တာ။ အခုလေးတင် သူ သတ္တိရှိရှိ ခေါင်းကိုမော့လိုက်ပြီး နောက်ဆုံးတော့ စစ်ယွီ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးနောက် သူ့စိတ်ထဲမှာ မကျိန်ဆဲဘဲ မနေနိုင်တော့ဘူး - ဒီလို တိုက်ဆိုင်မှုကြီး ရှိလား။ ဒါက ပဉ္စမသခင်လု ကိုယ်တိုင်ကိုယ်ကျ "သူမအိမ်ကို သွားပြီး ကိုယ်တိုင် တောင်းပန်လိုက်" ဆိုပြီး ခိုင်းစေခဲ့တဲ့ ကျိုးစစ်ယွီဆိုတဲ့ မိန်းကလေး မဟုတ်ပါလား။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့ဝန်ထမ်းများသည် ကျိုးစစ်ယွီ၏ အသေးစိတ် အချက်အလက်များကို တင်ပြခဲ့ကြသည်။ လုရှင်းကျိုးသည် မရေမတွက်နိုင်သော ဓါတ်ပုံများကို မြင်ရပြီးဖြစ်သဖြင့် သူ လူမှားတာ လုံးဝမဖြစ်နိုင်ပေ...

ဘာလုပ်ရမလဲ။ ဒီမိန်းကလေးက သူ နည်းနည်းလေးစားရတဲ့ "ကျေးဇူးရှင်ကြီး" ဆိုတာကို ပဉ္စမသခင်ကို ပြောပြလိုက်ရမလား။ လုရှင်းကျိုးတစ်ယောက် ဝမ်းနည်းပူဆွေးစွာ တွေးလိုက်တယ်။ ဒါပေမဲ့ အခုအခြေအနေကို ကြည့်ရရင် သူသာ ပါးစပ်ကို ဖွင့်လိုက်မယ်ဆိုရင် ပဉ္စမသခင်ရဲ့ မျက်ခွက်ကို ဖြတ်ရိုက်သလို မဖြစ်သွားဘူးလား။ ဒီလိုဖြစ်သွားရင် သူ သေချာပေါက်ကို ဖမ်းပြီး မြစ်ထဲနှစ်ခံရလိမ့်မယ်...

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now